menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Passport အကြောင်းသိကောင်းစရာ


""Passport အကြောင်းသိကောင်းစရာ''''
credit

Passport လျှောက်နည်း
၁။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း။ Check Your Passports’s Validity
သင် ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိလျှင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းကို အရင်စစ်ဆေးပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းသည် အနည်းဆုံး ၆ လအထက်တွင် ရှိရပါမည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း ၆လထက်နည်းလျှင် လူ၀င်မှုကြီးကြပ်ရေးအရာရှိမှ သင့်အား လေယာဉ်ပေါ်သို့ပေးတက်မည်မဟုတ်ပါ။

၂။ ဗီဇာ။ Find Out If You Need a Visa
သင် ပြည်ပခရီးသွားဖို့ စီစဉ်ထားလျှင် သွားမည့်နိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် ဗီဇာ လို ၊ မလို သက်ဆိုင်ရာသံရုံးများတွင် စုံစမ်းနိုင်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအနက်မှ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုသောနိုင်ငံများမှာ


  • ၁ ထိုင်းနိုင်ငံ (Thailand) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၂ စင်္ကာပူနိုင်ငံ (Singapore) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၃ ဘရူနိုင်းနိုင်ငံ (Brunei) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၄ ကမ္ဗောဒီးယားနိုင်ငံ (Cambodia) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၅ လာအိုနိုင်ငံ (Laos) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၆ ဗီယက်နမ်နိုင်ငံ (Vietnam) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၇ အင်ဒိုနီးရှားနိုင်ငံ (Indonesia) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်
  • ၈ ဖိလစ်ပိုင်နိုင်ငံ (Phillippines) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့် ‼️

၃။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာရွက်အလွတ်။ Check Your Blank Passport Pages
သင် ပြည်ပခရီးမထွက်ခင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်တွင် စာရွက်အလွတ် ကျန် ၊ မကျန် အရင်စစ်ဆေးပါ။ စာရွက်အလွတ် မကျန်ပါက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်အသစ်လုပ်ပြီး မှခရီးထွက်ပါ။ ‼️

၄။ အနောက်ဘက်/ကျောဘက် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို မထည့်ပါနှင့်။ Don’t Ever Put Your Passport in Your Back Pocket
ခရီးထွက်ရာတွင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို အနောက်ဘက်/ကျောဘက် အိတ်ထဲသို့ ထည့်ရန်မသင့်ပါ။ မတော်တဆအောက်သို့ ပြုတ်ကျခြင်း/ခါးပိုက်နှိုက်ခြင်းများကြုံတွေ့နိုင်ပါသည်။ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့်အခြားအရေးကြီးစာရွက်စာတမ်းများကို အရှေ့ဘက်အိတ်ထဲတွင် ထားခြင်းသာ ဘေးအကင်းဆုံးပါ။ ‼️

၅။ ၂ခါပြန်စစ်ပေးပါ။ Always Look Twice
Taxi စီးလျှင်သော်လည်းကောင်း၊ စားသောက်ဆိုင်တွင်စားပြီးသော်လည်းကောင်း၊ လေယာဉ်ပေါ်တွင်လည်းကောင်း၊ ဟိုတယ်အခန်းတွင်သော်လည်းကောင်း၊ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပါ၊ မပါ အမြဲတမ်း ၂ခါလောက်ပြန်စစ်ပါ။ ‼️

၆။ အုပ်စုလိုက် ခရီးသွားလျှင်။ Group Travelling
မိသားစုနှင့်သော်လည်းကောင်း၊ သူငယ်ချင်းအုပ်စုများနှင့်သော်လည်းကောင်း၊ ခရီးသွားလျှင် သင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်ဆိုပါစို့။ Departure/ Arrival/Custom forms များဖြည့်ပါက ပိုမိုလွယ်ကူစေရန် တစ်ဦးချင်းစီရဲ့နာမည်၊ မွေးနေ့၊ Passport Number ၊ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စထုတ်တဲ့နေ့၊ ကုန်ဆုံးတဲ့နေ့များကို စာရွက်လေးဖြင့် Note ထုတ်ထားပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport များကိုအိတ်ထဲမှသွင်းလိုက်၊ ထုတ်လိုက် လုပ်ရန် မလိုတော့ဘဲအချိန်ကုန်သက်သာပြီး ဘေးလည်းကင်းစေပါသည်။ ‼️

၇။ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပျောက်ဆုံးခြင်း။ Lost your Passport
သင်အိမ်မှမထွက်ခင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့် အရေးကြီးစာရွက်စာတမ်းများကို မိတ္တူကူးထားပါ။ ပိုပြီးစိတ်ချရအောင် ဓါတ်ပုံရိုက်ထားပြီး မိမိ၏ဖုန်းထဲတွင်ဆောင်ထားပါ။ (သို့မဟုတ်) e-mail ထဲတွင်သိမ်းထားပါ။ အကယ်၍သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပြည်ပနိုင်ငံများတွင်မတော်တဆ ပျောက်ဆုံးသွားပါက မိမိနိုင်ငံ၏သံရုံးသို့ လူကိုယ်တိုင်ရောက်အောင်သွားပါ။ သံရုံးမှသက်ဆိုင်ရာအရာရှိများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။ ‼️ သံရုံးများသည် များသောအားဖြင့် အစိုးရ ရုံးစိုက်ရာမြို့ (သို့) အဓိကမြို့များတွင်ရှိတတ်သည်ကို အထူးသတိပြုပါ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် သံရုံးများပိတ်သည်ကိုလည်းအထူးသတိပြုပါ။ ‼️
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား(Types) (၉ )မျိုးဖြင့် ပြုလုပ်ပေးလျှက်ရှိပါတယ်။

အမျိုးအစား( ၉) မျိုးဆိုတာက PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။

၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား
၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား
၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား
၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား

၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား

၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား

၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

၁ / အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

၂ / အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

၃/ အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

၄/ပန်းရောင်
ယာယီနိုင်ငံကူးလက်မှတ်...

ဒါ့ကြောင့် နိုင်ငံကူးလက်မှတ်(passport)ပြုလုပ်မည်ဆိုပါက မိမိဟာ ဘုရားဖူးသွားမှာလား၊အလုပ်နဲ့သွားမှာလား၊အလည်အပတ်လား စသည်ဖြင့်(type)အမျိုးအစားကို မှန်ကန်အောင်ရွေးချယ်တတ်ဖို့လိုပါတယ်။

ပျော်ရွှင် ဘေးကင်းသော ခရီးစဉ်ဖြစ်စေကြောင်း ဆန္ဒပြုလျှက်

"နိုင်ငံကူးလက်မှတ် Passport အကြောင်း"

  • PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
  • PT -Passport for Dependent (မှီခိုပတ်စ်ပို့)
  • PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
  • PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
  • PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
  • PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
  • PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
  • PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
  • PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

"မှတ်ချက်"
PD ပတ်စပို့သည် အပြာရောင်ဖြစ်ပြီး PO ပတ်စပို့မှာ အစိမ်းရောင်ဖြစ်သည်။ ကျန်သော ပတ်စပို့များမှာ အနီရောင်ဖြစ်သည်။

1 comment:

  1. အကိုonlineကနေpassport နံပါတ် ဟုတ်/မဟုတ် ဘယ်လိုစစ်ရလဲ please

    ReplyDelete

မင်္ဂလာပါ..