menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Passport လျှောက်နည်း
Uni & Zawgyi
"ပထမဆုံး နိုင်ငံခြားသွားမယ့် သူတွေအတွက်" လိုအပ်တဲ့ ပက်စ်ပို့ (Passport) လုပ်၊ လေဆိပ် အဝင်/ အထွက် သိစရာလေးတွေပါ.. 
သူများဟာ ကူးလာပါသည် 🤗🤗
😃😃🌍🛫👒
Passport အကြောင်းသိကောင်းစရာ
ဒီတခါတော့ နိုင်ငံခြားကို ပထမဆုံးအကြိမ်အဖြစ် စသွားမယ့် မိတ်ဆွေတွေအတွက် လိုအပ်တဲ့အချက်အလက်လေးတွေကို စုဆောင်းပေးလိုက်ပါတယ်။ သွားနေကျ လူတွေအတွက် သိပ်မခက်ခဲပေမယ့် ပထမဦးဆုံးအကြိမ် သွားရမယ့်သူများအဖို့ လေယာဉ်ကွင်းမှာ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မသိတဲ့အခါကျ ကသောင်းကနင်း ဖြစ်တတ်လေနော့်..
အဖွဲ့နဲ့ သွားတာဆို ထားပါတော့၊ ကိုယ့်တယောက်ထဲ သွားတဲ့အခါကျ အကူအညီမရဖြစ်မှာစိုးလို့ ပြင်ဆင်ပေးလိုက်ပါတယ်။ 🤗🤗🤗
ပထမဆုံးသွားမယ်ဆိုတော့ နည်းနည်းလွယ်ကူသွားအောင် နီးနီးနားနား ဘန်ကောက်ကိုပဲ အရင်သွားလိုက်ရအောင်နော့ ... 😃😃😃
🔷️📙နိုင်ငံခြားသွားဖို့ လိုအပ်တဲ့ Passport လျှောက်ဖို့လို
နိုင်ငံခြားသွားဖို့ဆို ပထမဆုံးလိုတာက Passport ပေါ့။ အရင်ကတော့ အဆင့်တွေအများကြီးနဲ့ အလုပ်ရှုပ်ပေမယ့် အခု ကိုယ့်ဘာသာကိုယ်သွားလုပ်ရင်တောင် တော်တော်လွယ်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဆိုတော့ passport လုပ်ဖို့ လိုအပ်တာတွေကို စပြောပေးမယ်နော့် ... 😃😃
📌Passport ရုံး - ရန်ကင်း စက်မှု(၁)လမ်းပေါ်
📌ယူသွားဖို့ လိုအပ်တာ - သန်းခေါင်စာရင်း မူရင်း/မိတ္တူ၊ မှတ်ပုံတင် မူရင်း/မိတ္တူ
📌ငွေ - 35000 ခန့်
🔹️အဆင့်(၁) - အပြင်ရုံးဧရိယာထဲရောက်တာနဲ့ ပက်စ်ပို့ ရုံးထဲ တန်းတန်းမက်မက် သွားရန်လို (ဘာလို့ဆို အပြင်မှာ ပွဲစားတွေ ဆွယ်တာနဲ့ ပါသွားမှာစိုးလို့) 😁😁
🔹️အဆင့်(၂) - အသင့်ယူလာတဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ရုံးထဲက လဝကကောင်တာကို သွားပြီး "စလစ်ထုတ်"
🔹️အဆင့်(၃) - စလစ်ကိုယူပြီး ဘေးကောင်တာက ဘဏ်ကိုသွားပြီး ငွေ (၂၅၀၀၀)သွင်း
🔹️အဆင့်(၄) - လဝက ဆီကစလစ်ကိုပဲ ပြပြီး ဖောင်ထုတ်တဲ့ ကောင်တာမှာ ဖောင်ထုတ်၊ ဖြည့်
🔹️အဆင့်(၅) - ဖြည့်ပြီးသားဖောင်ကိုယူ Passport ပုံရိုက်ဖို့လုပ်
🔹️အဆင့်(၆) - ဓာတ်ပုံရိုက်ပြီးရင် အဲ့နားမှာပဲ ဖောင်တင်ပြီး စလစ်ယူ အိမ်ပြန်လို့ရ၊ (၁၀)ရက်စောင့်ရန်လို
🔹️အဆင့်(၇) - (၁၀)ရက်ပြည့်သောအခါ passport ထုတ်ရမယ့် စလစ်ယူ၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ထုတ်လို့ ရသွားရောတဲ့ ... 😁😁😄
အချိန်ကလည်း လူများ/နည်းပေါ် မူတည်ပြီး (၁)နာရီ ကနေ (၁)ရက်လုံးအထိ ကြာနိုင်ပါတယ်တဲ့။
နော်ကတော့ တတ်နိုင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ကြည့်စေချင်တယ်။ ဘာလို့ဆို အပိုငွေမကုန်ဘူး လွယ်လည်းလွယ်တယ်လေနော့။ တကယ်လို့ အချိန်မရှိဘူး၊ လှူချင်တန်းချင်တဲ့ စိတ်များတယ်ဆိုရင်တော့ ပွဲစားနဲ့လုပ်ပေါ့လေ။ 😁😁 ပွဲစားခကတော့ (၁)ခုကို (၂၅၀၀၀)ကနေ (၅၀၀၀၀)အထိ ရှိပါတယ်။
🔷️🇲🇲✒🛫 လေဆိပ် အဝင်/အထွက် လိုအပ်တဲ့ အချက်လေးတွေ
ပက်စ်ပို့ရပြီ နိုင်ငံခြားသွားရပြီဆိုရင်တော့ လေယာဉ်ကြီးစီးပြီး နိုင်ငံရပ်ခြားကို သွားရပြီပေါ့။ အဲ့ဒီမယ် ပြသနာက လေဆိပ်ထဲဝင်ပြီးတာနဲ့ ဘယ်ကစပြီး ဘာဆက်လုပ်ရမှန်း မသိတာပါပဲ။ ဆိုတော့ လေဆိပ်က ဝင်တာက စလို့ လေယာဉ်စီး ဟိုဘက်နိုင်ငံထဲ ခြေချတဲ့ အထိကို လိုအပ်တဲ့ အချက်တွေ၊ ဖြည့်ရမယ့် စာရွက်စာတမ်းတွေကို အသေးစိတ် သေချာပြောပြပေးပါ့မယ် ... ☺☺☺
💥💥💥(ဓာတ်ပုံတွေမှာလည်း တစ်ခုချင်းစီ တစ်ဆင့်ချင်း အသေးစိတ် သေချာရေးပေးထားပါတယ်) 💥💥💥
📌လိုအပ်ချက် - Passport (ပက်စ်ပို့), ဘောပင်
📌လေယာဉ်အချိန်မတိုင်မီ (၂)နာရီစောပြီး Check in ဝင်ရန်လို။
🔷️🇲🇲 မြန်မာနိုင်ငံကနေ သွားမယ် ဆိုပါတော့
🔹️(၁)လေယာဉ်လက်မှတ် ဝယ်ထားရန်လို။ ကိုယ်ဝယ်ထားတဲ့ လေကြောင်းလိုင်းကို ကြည့်ပြီး ဘယ် Terminal မှာ Check in ဝင်ရမလဲ မေးထားရန်လို။ မသိရင် လေဆိပ်လာတဲ့လမ်းက အဝိုင်းပတ်မှာ ဘယ်လေကြောင်းလိုင်းက ဘယ် Terminal ဆိုပြီး ဘုတ်ကြီးနဲ့ ထောင်ထားတယ် (အဲ့တာကို လှမ်းကြည့်ပြီး သွားလို့ရ)
🔹️(၂) လေဆိပ်အဆောက်အဦးထဲ ဝင်ဖို့ အိတ်နဲ့ ပါလာသမျှအထုပ်တွေ အကုန် X-Ray ဖြတ်ရန်လို။ လူအစစ်ခံရန်လို။
🔹️(၃)ကိုယ်လက်မှတ်ဝယ်ထားတဲ့ Air line ကောင်တာကို ရှာပြီး Check in ဝင်ရန်လို။
🔹️(၄) Passport ပြပြီး အိတ်အကြီးတွေကို ပစ္စည်းအပ်ရန်လို၊ Boarding Pass ကဒ် (လေယာဉ်စီးရမယ့်ကဒ်ဟု အကြမ်းမှတ်ထားရန်)၊ Departure ကဒ်နှင့် ပစ္စည်းရွေးဖို့ စလစ် ပြန်ယူလာရန်လို။
🔹️(၅)ကိုယ်သွားရမယ့် Gate နံပတ်ကို ကြည့်ပြီး Departure (ထွက်ခွာ) ရှိတဲ့ မြှားပြရာ သွားရန်လို။
🔹️(၆) Immigration (ပြည်ပသို့သွားရန် စစ်ဆေးသည့် ကောင်တာ)နား မရောက်ခင် Departure ကဒ်ထဲက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများကို စောင့်စရာမလို၊ ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔹️(၇) ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Departure ကဒ်ပေး၊ လေယာဉ်လက်မှတ် (Boarding pass) ပေးရန်လို။ (သူက Departure ကဒ်ယူထားပါလိမ့်မယ်)
🔹️(၈) စစ်ဆေးတဲ့ X Rays ထပ်ဖြတ်ရန်လို။ ပါလာသမျှအထုပ်၊ ခါးပတ်၊ နာရီ အကုန်ချွတ်ပြီး စစ်ရန်လို။ အဲ့ဒီနေရာကိုကျောပြီး မီးခြစ်၊တုတ်၊ဓား ဘာညာနဲ့ အရည် (ရေမွှေးပုလင်း၊ ရေသန့် အချိုရည် ဘာညာ) ဘာအရည်မှ ယူသွားလို့မရ။ ပါလာရင် ထားခဲ့ရ၊ ဆိုတော့ ပစ္စည်းအပ်မယ့် Baggage ထဲအရည်ပစ္စည်းတွေ ထည့်ထားရန်လို)
🔹️(၉)ပြီးတာနဲ့ Duty Free ဆိုင်တွေကို ကျော်ပြီး ကိုယ်သွားရမယ့် ဂိတ်နံပတ်ကို မြှားပြထားတဲ့အတိုင်း သွားရန်လို။ (ဂိတ်နံပတ်က Boarding Pass မှာပါပြီးသား)
🔹️(၁၀) ကိုယ်သွားရမယ့် ဂိတ်မှာ ကိုယ်စီးရမယ့် လေယာဉ် ဟုတ်မဟုတ် စစ်ရန်လို (ဥပမာ - Gate (9) - Air Asia)
🔶️🛫လေယာဉ်ပေါ် ရောက်သွားပြီ ဆိုပါတော့
🔸️(၁၁)လေယာဉ်ပေါ်တက်ပြီး ကိုယ်ထိုင်ရမယ့်ခုံကို သေချာရှာရန်လို။ လေယာဉ်ခါးပတ်ပတ်ရန်လို။ ဖုန်းကို Air Plane ပြောင်းထားရန်လို။ လေယာဉ်ပေါ်မှာရော လေယာဉ်ထဲက အိမ်သာထဲမှာရော ဆေးလိပ်မသောက်ရ။ (ပြင်းပြင်ထန်ထန် တားမြစ်ထား)
🔸️(၁၂) လေယာဉ်မယ် လာပေးတဲ့ Arrival Card (ဆိုက်ရောက် ကဒ်)ကို ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများဆီက ငှားစရာမလို)
လေယာဉ်နံပတ်၊ ပက်စ့်ပို့တွေအပြင် ကိုယ်တည်းမယ့်လိပ်စာတွေကို ပြည့်စုံအောင် ဖြည့်ထားရန်လို။ မပြည့်စုံရင် ဟိုဘက်နိုင်ငံ အဝင်က Immigration မှာရစ်တတ် ကြာတတ်လို့ပါ။
(ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔷️🇹🇭တခြား နိုင်ငံရောက်သွားပြီ ဆိုပါတော့
🔹️(၁၃) Arrival (ဆိုက်ရောက်)၊
Immigration (တပါးနိုင်ငံထဲသို့ဝင်ရန် စစ်ဆေးတဲ့ ကောင်တာ)
Baggage claim (Check in ဝင်တုန်းက အပ်ထားတဲ့ အိတ်ရွေးရန်) စတဲ့ မျှားတွေပြထားတဲ့ နောက်ကို သွားရန်လို
(သူတို့ကတော့ အင်္ဂလိပ်လိုပဲ ရေးထားမှာနော်သိလား၊ ဒီကနားလည်လွယ်အောင် ကွကိုယ် ဘာသာပြန်ပေးထားတာ) 😁😁
🔹️(၁၄) Immigration ကောင်တာတွေမှာ တန်းစီရန်လို (ကိုယ်က သူများဆီရောက်သွားရင် Foreigner ဖြစ်သွားတော့ အဲ့ဒီဆိုင်းပုဒ်ရှိတဲ့ ကောင်တာမှာ တန်းစီရန်လို)
🔹️(၁၅) အလာတုန်းက Immigration ဖြတ်ခဲ့တဲ့အတိုင်းပဲ ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Arrival ကဒ်ပေးရန်လို။ (သူက Departure ကဒ် ပြန်ပေးပါလိမ့်မယ်၊ ပြန်မယ့်နေ့အထိ သေချာ သိမ်းထားရန်လို၊ ပျောက်သွားရင်လည် လေဆိပ်မှာ တောင်းလို့ယူလို့ရ)
🔹️(၁၆)ပြီးတာနဲ့ ကိုယ်အပ်ထားတဲ့ အထုတ်ရွေးဖို့ နေရာကို ရှာရန်လို (TV screen တွေမှာပြထားတတ်တယ်၊ ကိုယ်စီးခဲ့တဲ့ လေကြောင်းလိုင်းရယ် နံပတ်ရယ်မှာ ကိုယ်ရွေးရမယ့် အိတ်ကောင်တာ ပြထားပေးတယ်)
🔹️(၁၇) အထုတ်ဆွဲပြီး Exit ဆိုတဲ့ အပြင်ကို ထွက်ရန်လို
🔹️(၁၈) အဲ့တာနဲ့ပဲ တခြားနိုင်ငံ တစ်ခုကို ချောချော မောမောရောက်သွားရောတဲ့ ... 😁😁😃😃😃
ဘယ်လိုလည်း အသေးစိတ်တွေ ချရေးပေးလိုက်တော့ လွယ်သွားပြီမလား။ 😃😃 တကယ်လို့ တခြားနိုင်ငံကနေ ပြန်လာရင်လည်း (၁)ကပြန်စရုံပါပဲလို့ ... ☺☺☺
ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်သွားတာဆိုတော့ ဘန်ကောင်မှာ ရှော့ပင်ထွက်ချင်ရင် ဒီလင့်မှာ သေချာရေးပေးထားပါတယ်လို့ .. ☺☺
https://web.facebook.com/travelbynawhtike/posts/1952695391611829
ဆိုတော့
တခါမှ နိုင်ငံခြားမသွားဖူးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဒီမှတ်စုလေးကို ရေးပေးလိုက်ပါတယ်။ ပထမဆုံးလေယာဉ်စီးရမယ့်အချိန်မှာ အထောက်အပံ့တစ်ခု ဖြစ်ရင် ကျေနပ်ပါတယ်။ အစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။ ☺☺☺
လွတ်လပ်စွာ Share နိုင်ပါတယ်
Zagwgyi
သူများဟာ ကူးလာပါသည် 🤗🤗
😃😃🌍🛫👒
📌ငွေ - 35000 ခန့်