menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Digital Multimeter အသုံးပြုနည်း


Digital Multimeter အသုံးပြုနည်း
တိုင်းတာရရှိလာတဲ့ တန်ဖိုးတွေကို Digital Multimeter က Display Screen ပေါ်မှာ Digital ပုံစံနဲ့ ဖော်ပြပေးပါတယ်။Ac Volt , Dc Volt, Ac Current ,DC Current ,Component တွေကို စစ်ဆေးခြင်းနဲ့ Digital Gate Operation တွေဖြစ်တဲ့ (Hight , Low , Pulse ) စတာတွေကိုပါ တိုင်းတာ စစ်ဆေးပေးနိုင်ပါတယ်။

Digital Multimeter တိုင်းနည်းနှင့် မှားနိုင်သည့် အယူအဆများ


Digital Multimeter မှာ ခုလုတ် နှစ်ခုပါရှိပါတယ်
(၁) Rotary Switch
ခုလုတ်ပေါ်က မြှားပြထားတဲ့ဘက်ကို မိမိ တိုင်းတာချင်ရာ Scale Range မှာထားရှိရပါတယ်။
(၂)Sliding Switch
PWR (power on/off) ခုတ်လုတ်။ PK-DH Switch (screen မှာဖော်ပြထားသော အမျိုးမျိုးသော Rating တွေကို ဖော်ပြဖို့)တို့ဖြစ်ပါတယ်။
Pin Plug
အနီရောင် ထောက်တံ ၊ အနက်ရောင် တောက်တံ တွေ နဲ့ဆက်သွယ်ဖို့ Pin Plug (၄)ပေါက် ပါရှိပါတယ်။
(၁) COM
Common ရဲ့ အတိုကောက် ဖြစ်ပါတယ်။ Multimeter အသုံးပြုဖို့အနက်ရောင် ထောက်တံကို COM ပေါက်မှာ ထိုးရပါတယ်။

(၂) VW (or) VΩ
Voltage နဲ့ Resistance တွေကို တိုင်းတာဖို့ အနီရောင်ထောက်တံ ကို VW (or) VΩ ပေါက်မှာထိုးရပါမည်။AC မှာ 750V အများဆုံး တိုင်းတာနိုင်ပြီး DC မှာ 1000V အများဆုံးတိုင်းတာနိုင် ပါတယ်။
(၃) mA
လျှပ်စီး Current ကို တိုင်းတာတဲ့ အပေါက်ဖြစ်ပါတယ်။ 200 mA (Milli Ampere) ထိတိုင်းတာနိုင်ပါတယ်။အများဆုံးတိုင်းတာနိုင်တဲ့ ပမာဏကို MAX 200mA လို့ရေးထားပါတယ်။MAX ဆိုတာ Maximum ကိုပြောတာပါ။
(၄)10A
10 Ampere ထိတိုင်းတာနိုင်ပါတယ်။ ထောက်တံ အနီ ထိုးရမည့် အပေါက်ဖြစ်ပါတယ်။
Checking Range
အမျိုးမျိုးသော Electronic တွေကို ပုံစံမျိုးစုံနဲ့ တိုင်းတာနိုင်ရန် Range အမျိုးမျိုးပါ ဝင်ပါတယ် ။
၎င်းတို့ကိုတိုင်းတာရန် Rotary Switch ဖြင့်မိမိတိုင်းတာချင်ရာကို လည့်ပြီးတိုင်းတာနိုင်ပါတယ်။
(၁)DC Volt Range (Symbol က )
DC Volt ကို တိုင်းတာချင်ရင် ဒီ Range မှာထားရပါမယ်။ DC Volt တိုင်းတာရန် (၅)နေရာ ပါရှိပါတယ်။
200 mV
2 V
20 V
200 V
1000 V

တို့ဖြစ်ပါသည်။
DC Current Range
DC Current ကို တိုင်းတာချင်ရင် ဒီ Range မှာ ထားရပါမည်။ DC Current တိုင်းတာရန် (၄)နေရာရှိပါတယ်။
2 mA
20 mA
200 mA
10 A
တို့ဖြစ်ပါတယ်။

DC တွေ ပြီးတော့ AC ပေါ့
AC Volt Range
AC Volt ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းပါ။AC Volt တိုင်းတာဖို့အတွက် (၅)နေရာ ရှိပါတယ်။
200mV
2mV
20mV
200mV
750mV
တို့ဖြစ်ပါတယ်။
AC Current Range
AC Current ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းပါ။ တိုင်းတာဖို့ (၄) နေရာရှိပါတယ်။
10 A
200mA
20mA
2mA
တို့ဖြစ်ပါတယ်။
Ohm Range (Ω)
Ohm ကို တိုင်းတာချင်ရင် ဒီ Range မှာ ထားရပါမည်။ တိုင်းတာဖို့ (၇) နေရာ ပါရှိပါတယ်။
200
2K
20K
200K
2M
20M
200M
တို့ဖြစ်ကြပါတယ်။
Farad Range
Farad ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းတာနိုင်ပါတယ် ။ Capacitor ကိုတိုင်းတာဖို့အတွက် Farad တန်ဖိုးနဲ့ တိုင်းတာဖို့ရာ (၅) နေရာသတ်မှတ်ထားပါတယ်။
200µ
20µ

200n
20n
တို့ဖြစ်ပါတယ်။
ဟဲဟဲ ဒါလေးကတော့

အဆက်သွယ်ရှိ ရင် အသံလေးမြည်ပါတယ်။
AC Volt ကိုတိုင်းတာနည်း
COM ပေါက်မှာ ထောက်တံ အနက်။VΩ ပေါက်မှာ ထောက်တံအနီ ။AC V Range ခုလုပ်ကို မိမိတိုင်းတာလိုသည့် နေရာမှာထားပါ။တိုင်းတာချင်သည့် Volt ပမာဏကို အတိအကျ မသိရင် ခန့်မှန်းထားတဲ့ Volt ထက်ပိုမြင့်တဲ့ Volt Position မှာရွေးချယ်ထားပါ။နဲနေရင် Fulse ပြတ်သွားပါလိမ့်မယ်။ထောက်တံကိုထောက်၍တိုင်းတာလျှင် တန်ဖိုးတွေကို Display Screen မှာ ဖတ်ရူနိုင်ပါတယ်။
DC Volt ကို တိုင်းတာနည်း
COM ပေါက်မှာ ထောက်တံ အနက်။VΩ ပေါက်မှာ ထောက်တံအနီ ။DC V Range ခုလုပ်ကို မိမိတိုင်းတာလိုသည့် နေရာမှာထားပါ။တိုင်းတာချင်သည့် Volt ပမာဏကို အတိအကျ မသိရင် ခန့်မှန်းထားတဲ့ Volt ထက်ပိုမြင့်တဲ့ Volt Position မှာရွေးချယ်ထားပါ။နဲနေရင် Fulse ပြတ်သွားပါလိမ့်မယ်။ထောက်တံကိုထောက်၍တိုင်းတာလျှင် တန်ဖိုးတွေကို Display Screen မှာ ဖတ်ရူနိုင်ပါတယ်။
AC Current ကိုတိုင်းတာနည်း
Com ပေါက်မှာ ထောက်တံအနက် ကိုထားပါ။ 10A ပေါက်မှာ အနီ ထောက်တံကိုထားပါ။A~ Range ခုလုပ်ကို မိမိ ထားလိုသည့် နေရာမှာ လှည့်ထားပါ။ ထိုနောက် Power Supply မှ ထွက်ရှိလာသော အနှုတ်ဗို့ကို သုံးစွဲမည့်စက်၏ အနုတ်ဗို့နေရာသို့တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသော အပေါင်းဗို့နေရာတွင် မီတာ၏အနီလက်တံကို ထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကို တိုင်းတာမည့် စက်၏အပေါင်းဗို့ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amper ကိုတိုင်းတာနိုင်ပါပြီ။

10A Range နဲ့တိုင်းတာနေစဉ်အတွင်းမှာ မီတာထောက်တံတွေကို Seconds 30 ထက်ပိုမထောက်မိစေရန်သတိပြုပါ။
DC Current ကို တိုင်းတာခြင်း
Com ပေါက်မှာ ထောက်တံအနက် ကိုထားပါ။ mA ပေါက်မှာ အနီ ထောက်တံကိုထားပါ။ Range ခုလုပ်ကို မိမိ ထားလိုသည့် နေရာမှာ လှည့်ထားပါ။ ထိုနောက် Power Supply မှ ထွက်ရှိလာသော အနှုတ်ဗို့ကို သုံးစွဲမည့်စက်၏ အနုတ်ဗို့နေရာသို့တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသော အပေါင်းဗို့နေရာတွင် မီတာ၏အနီလက်တံကို ထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကို တိုင်းတာမည့် စက်၏အပေါင်းဗို့ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amper ကိုတိုင်းတာနိုင်ပါပြီ။

No comments:

Post a Comment

မင်္ဂလာပါ..