menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Digital Multimeter တိုင်းနည်းနှင့် မှားနိုင်သည့် အယူအဆများ

မီတာတိုင်းနည်းကို ပုံသေမှတ်စရာ မလိုအောင်
ယူဆခြင်းနှင့် မှားနိုင်သည့် အယူအဆများ

ရိုးရိုး analog မီတာသည် 1X လိုင်း၌ထားတိုင်းစဉ်
မီတာလက်တံအရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော
ဗို့အား 3V ခန့်ထွက်ရှိပြီး

Digital မီတာမှာကြတော့ မီတာအနီတံသည် အပေါင်း
အနက်တံသည် အနှုတ်ဗို့ မှန်ကန်စွာ ထွက်ရှိနေတာမို့

မီတာတိုင်းသည့်အခါ
ရိုးရိုးမီတာနှင့် Digital မီတာသည် ပြောင်းပြန်ယူဆရပါမည်

Digital Multimeter အသုံးပြုနည်း

Short ရှိ မရှိ သိလို၍ အုမ်းမီတာဖြင့်
တိုင်းကြည့်မိသည့်အခါ လျှပ်သိုခေါ် Capacitorများ၏ဗို့အားသိုလှောင်ထားမှုကြောင့်
အုမ်းမီတာ ပျက်ယွင်းရမှုများကြုံဖူးကြမှာပါ

ဗို့အားပေးသွင်းထားချိန် short မတိုင်းရပါဘူး
လမ်းကြောင်းကောင်းမကောင်း အုမ်းတန်ဖိုးမတိုင်းရပါဘူး
မီတာပျက်တတ်ပါတယ်


ဒါပေမယ့် တကယ်တမ်း short တိုင်းတဲ့အခါ
အုမ်းတိုင်းတဲ့အခါ ဗို့ပေးပြီး တိုင်းတာပါပဲ

ပြောချင်တာက

(၁) အပြင်ဗို့လိုင်းပေးပြီး short တိုင်းနည်း နဲ့

(၂) မီတာထဲကထွက်တဲ့ ဗို့အားနဲ့ဗို့ပေးပြီးတိုင်းနည်း

ဆိုပြီး ပြောပါမယ်

ကောင်းမကောင်းသိလို တိုင်းလိုတဲ့ဆားကစ်ရဲ့
အပေါင်းပေးရမယ့်ငုတ်ရယ်
အနှုတ်ပေးရမယ့်ငုတ်ရယ် အဲ့ငုတ် နှစ်ခုရဲ့ကြားမှာ
ဆားကစ်က အလယ်က လို့မြင်ယောင်ကြည့်လိုက်
(diodeကဲ့သို့)

အဲ့ ဆားကစ်ကိုမီတာလက်တံမှထွက်သော ဗို့အားဖြင့်
အမှန်အတိုင်း
ပေးသွင်းပြီး အလုပ်လုပ်စေတာကို
Forward Bias လို့ ဒိုင်အုတ်မှာ တုန်းကလို
ခေါ်ကြည့်မယ်ဗျာ

ဒါဆို ဆားကစ်က အကောင်းဆို အမ်ပီယာ
စီးဆင်းမှုရှိလို့ မီတာလက်တံနှစ်ခုမှထွက်နေသော ဗို့အားက ပင်ရင်းဗို့အား supply Source အဖြစ်
အလုပ်လုပ်ပြီး မီတာတံအတက်ပြရမယ်ဗျာ

ဒါပေမယ့် ဒါက အယူအဆပဲရှိပြီး တကယ်တမ်းကျတော့ မီတာမှာ အဲလို Forward Bias ပေးသွင်းရင်
မီတာလက်တံ အတက်မပြဘူးဗျာ

ဒါကို ဘယ်လိုယူဆကြမလဲ
ကျွန်တော်မြင်မိတာကတော့ မီတာမှထွက်သောဗို့အားသည်
ဆားကစ်ကို အမှန်အတိုင်းဗို့ကျွေးခြင်း
Forward bias ဖြစ်ပေမယ့်
ဆားကစ်အမှန်တကယ်အလုပ်မယ့်ဗို့အားက
ဥပမာ 12V လောက်ပေးမှ
ဗို့100လောက်ပေးမှ
220V ပေးမှ အလုပ်လုပ်မယ့် ဆားကစ်ဆိုပါစို့

အဲ့လို ဆားကစ်ကို
မီတာကထွက်တဲ့ ဗို့အားသေးသေး
အမ်ပီယာ သေးသေး နဲ့ အမှန်အတိုင်းဗို့ကျွေးပါသော်လည်း ဆားကစ်ရဲ့ခုခံမှုကို
ကျော်ဖြတ်နိုင်လောက်တဲ့ Force ခေါ်
Volt ampere မှမရှိတာ

ဒီတော့ ဆားကစ်သည် မီတာအတွက် ဖြတ်သန်းစီးဆင်းလို့
မရနိုင်တဲ့ Open Circuit အဖြစ်ပဲ ဖြစ်နေလို့
မီတာမှထွက်သောဗို့အားဖြင့် ဆားကစ်ကို
အမှန်အတိုင်းဗို့ကျွေးတိုင်းတာပါသော်လည်း
မီတာလက်တံ အတက်မပြရခြင်းဖြစ်ပါတယ်

ဒီလိုမပြတာကိုပဲ
ကျွန်တော်တို့က ကောင်းမွန်တဲ့ဆားကစ်
Short မရှိတဲ့ဆားကစ် လို့
အကြမ်းဖြင်း ယူဆလိုက်ကြပါတယ်

ဒါကြောင့် မီတာမှထွက်သောဗို့အားဖြင့်
အမှန်အတိုင်း ဆားကစ်ကိုဗို့အားပေးသွင်း
ကြည့်ပါက မီတာလက်တံအတက်မပြရဘူး

ဒါကို (တစ်ဖက်မပြ လို့ မှတ်ပါတယ်)
Forward Bias လို့ မှတ်ပါတယ်

ပြောင်းပြန်ဗို့ပေးပြီး တိုင်းတဲ့အခါ
နဂိုကတည်းက ဆားကစ်တစ်ခုဟာ အမှန်အတိုင်းဗို့အားပေးသွင်းမှု အခြေအနေမှာ
ဘယ်နေရာကတော့ ဘယ်ဗို့နဲ့ ဘယ်လောက်
အမ်ပီယာမှာစီး ဘယ်နေရာကတော့
ဗို့ကိုဘယ်လောက်လျှော့ယူ စသဖြင့် တွက်ချက်ကန့်သတ်
စီးဆင်းခိုင်းထားခြင်းဖြစ်ပြီး စီးချင်းတိုင်း
အမ်ပီယာကို ပေးစီးမထားပါဘူး

ပြောင်းပြန်ဗို့အား ပေးသွင်းမိတဲ့အခါ အဲလိုအမ်ပီယာကို
ကန့်သတ်ထိန်းချုပ်ထားမှုများမှ သွေဖယ်ကင်းလွတ်ပြီး
မှားယွင်းစွာ စီးချင်သလိုစီးဆင်းမှုကြောင့် မီတာတံ
အတက်ပြခြင်း supply ဖြင့်ဖုန်းကိုမှားချိတ်မိပါက
Short အချက်ပြသံပေးပြီး အမ်ပီယာ မတရားတက်ခြင်း
စသည်တို့ ကြုံတွေ့ရခြင်းဖြစ်ပါတယ်
ဒါကို (တစ်ဖက်ပြတယ်လို့) ခေါ်ပါမယ်

ပြောင်းပြန်တိုင်းလို့ ဆားကစ်မှားယွင်းစွာ
အလုပ်လုပ်ပြီး မီတာလက်တံအတက်ပြတာကိုပဲ
အဲလိုမှားယွင်းမှုကို အသုံးချပြီး
အော် ဒီဆားကစ် လမ်းကြောင်းကောင်းတယ်
Open ဖြစ်မနေဘူး Ohmတန်ဖိုးပြတယ်

ဒီလိုတန်ဖိုးပြနေရင် ပုံမှန်ဖြစ်လောက်တယ်
လမ်းကြောင်းကောင်းတယ်ဆိုပြီး
ဖုန်းပြင်သမားတွေ အဓိက တိုင်းတိုင်းနေကြတဲ့

Ohm Check စနှစ်ဆိုလား ဘာလား ဖြစ်လာတာပေါ့

ဒါဟာ Reverse Bias ကို အသုံးချပြီး
မှားယွင်းသော ဗို့အားပေးသွင်းမှုဖြင့်
ဆားကစ်လမ်းကြောင်း ကောင်းမကောင်းကို
သိရှိဆုံးဖြတ်လိုက်တာပါ

မီတာဖြင့် Forward Bias ပေးသွင်းတိုင်းတာရင်
Short တိုင်းခြင်းဖြစ်ပြီး

ပြောင်းပြန် Reverse Bias ပေးသွင်းတိုင်းတာရင်
လမ်းကြောင်း ကောင်းမကောင်း တိုင်းတာခြင်း
အိုင်စီ ခဲလွတ်နေခြင်းရှိမရှိ တိုင်းတာခြင်းဖြစ်ပြီး

ဒီလို ပြောင်းပြန်တိုင်းလို့ မီတာလက်တံ
အတက်ပြတဲ့ အခြေအနေကို ကြည့်ပြီးတော့လည်း
ဆားကစ်ရဲ့ အပေါင်းလမ်းကြောင်း အနှုတ်လမ်းကြောင်း ခွဲခြားသိမြင်နိင်မှုတစ်ခု ထပ်မံရှိလာပြန်တယ်

ပြောချင်တာက စက်တစ်လုံးကို အဖုံးမဖွင့်ကြည့်ဘဲ
ဘယ်ငုတ်က အပေါင်း
ဘယ်ငုတ်က အနှုတ်ဖြစ်မလဲ ဆိုတာကိုသိချင်တဲ့အခါ
မီတာဖြင့် အဲ့ဆားကစ်ကို

ပြောင်းပြန်ဗို့အား ပေးသွင်းကြည့်ပါ

မီတာတံ အတက်ပြတဲ့အခါ မီတာလက်တံ
ရဲ့ အရောင်အတိုင်း ယူဆလိုက်ပါ

သဘောက
မီတာတံ အနက်ရောင် ထောက်ထားခြင်းခံရတာသည်
ဆားကစ်၏ GND လမ်းကြောင်းဖြစ်ပြီး
အနီတံထောက်ထားရာသည် အပေါင်းလမ်းကြောင်း
ဖြစ်ပါသည်
(ရိုးရိုး analog meter ဖြင့်)
ဆားကစ်ကို မီတာဗို့အားက ပြောင်းပြန်ပေးသွင်းထားတယ်ဆိုပေမယ် မီတာလက်တံအရောင်ရဲ့သင်္ကေတက
ဆားကစ်အပေါင်း အနှုတ် နဲ့ ထပ်တူကျနေလို့
အရောင်အတိုင်း အပေါင်းအနှုတ် ခွဲလိုက်တဲ့သဘောပါ

ခုလို Reverse Bias ခေါ်
ဗို့အားကိုပြောင်းပြန်ပေးသွင်းစမ်းသပ်
တိုင်းတာခြင်းနည်းလမ်းတွင် သိထားရမှာတစ်ခုက
12V ဖြင့်အလုပ်လုပ်သော ဆားကစ်ကို
12V ဖြင့် ပြောင်းပြန်ပေးသွင်းကြည့်ခြင်း

9V ဖြင့်အလုပ်လုပ်သော ဆားကစ်ကို
9V ဖြင့် ပြောင်းပြန်ဗို့အား ပေးကြည့်ခြင်း
လုပ်လို့မရပါဘူး

ဆိုလိုတာက ဆားကစ်အလုပ်လုပ်စေနိုင်တဲ့
ဗို့အားပမာဏ တစ်ခုနဲ့ ပြောင်းပြန်ပေးသွင်း
ခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူး

ဆားကစ်အကောင်းတောင် ပျက်စီးသွား
နိုင်ပါတယ်

ဒါကြောင့် ဖုန်းဆားကစ်တွေ
လမ်းကြောင်းကောင်းမကောင်း အုမ်းတိုင်းချင်တဲ့အခါ
ရိုးရိုး analog မီတာထက် Digital မီတာကို
သုံးတာက ပိုပြီး ဘေးကင်းပါလိမ့်မယ်

ဘာဖြစ်လို့လည်း ဆိုတော့ ရိုးရိုးမီတာမှ
ထွက်သော 3V သည် ဖုန်းဆားကစ်အတွင်းရှိ
တစ်ချို့သောအိုင်စီများ chipများ
အလုပ်လုပ်နိုင်လောက်သော ပမာဏဗို့အား
ဖြစ်နေပြီး အဲဒါကို Reverse Bias အနေနဲ့
ပြောင်းပြန်ပေးသွင်းမိသည့်အခါဖြစ်စေ
1.1V 2.1V စသည့် ဗို့အားအနည်းငယ်သာ
သုံးသော လမ်းကြောင်းများတွင် ပြောင်းပြန်
မဆိုထားနှင့် အမှန်အတိုင်း ဗို့အားပေးသွင်း
မိသလိုဖြစ်ပါကလည်း ဆိုးကျိုးများရှိလာနိုင်ကြောင်း
တစ်ချို့သော
အဝင်ခုခံမှုအလွန်ကြီးမားသည့်နေရာမျိုး၌
Electrostatic ခေါ် တည်ငြိမ်လျှပ်စစ်
လက်နဲ့ထိရင်ကို ပျက်နိုင်တဲ့နေရာမျိုးတွေရှိကြောင်း
ဖတ်မှတ်သိရှိထားဖူးတာမို့
ဖုန်းပြင်သမားများသည် ရိုးရိုး analog
မီတာကို ဉာဏ်ရှိသလိုသာ ထိန်းသိမ်းအသုံး
ပြုသင့်ပါသည်

Diode နှင့် ဆားကစ်တစ်ခုတို့ကို
မီတာဖြင့် ဗို့အားပေးသွင်းတိုင်းတာရာတွင်
ပြောင်းပြန်သဘောတရားတစ်ခု ရှိနေပါသည်

Diode ကို ဗို့အားအမှန်အတိုင်းပေးသွင်းမှု
Forward bias ပေးတုန်းက
အမ်ပီယာ စီးဆင်မှု ဖြစ်ပေါ်ပြီး
ပြောင်းပြန် Reverse bias ပေးသွင်းပါက
တားဆီးပိတ်ပင်ထားပြီး current မစီးပါ
မီတာလက်တံ မတက်ပါ

ဆားကစ်ကို Forward bias အဖြစ်
အမှန်အတိုင်း ဗို့ပေးရာမှာကြတော့
ဆားကစ် အလုပ်လုပ်နိုင်လောက်တဲ့ အမ်ပီယာ ဗို့အား ပမာဏတို့ မရှိတာကြောင့်
လားရာ မှန်ပေမယ့် Current မစီးပါဘူး

ပြောင်းပြန်ဗို့အား ပေးသွင်းတာကြတော့
ဆားကစ်၏မှားယွင်းစွာ လုပ်ဆောင်အမ်ပီယာစီးဆင်းစေမှုကြောင့် current စီး
မီတာတံ အတက်ပြပါတယ်

ဒါကြောင့် ဆားကစ်နဲ့ diode တို့ကို
ပြောင်းပြန်ယူဆရမှာဖြစ်ကြောင်း.......

အလွယ်မှတ်မည်ဆိုပါက
Digital မီတာတွင် လက်တံအနီကို GNDမှာ ပုံသေ
ထောက်ပြီး အနက်တံဖြင့် အုမ်းတန်ဖိုး လိုက်တိုင်းရပြီး
ဒါသည် Reverse bias ဖြစ်ကာ တန်ဖိုးပြရပါမည်
(Analog meter ကပြောင်းပြန်မှတ်ပါ)

Short တိုင်းချင်ပါက
လက်တံအနက်ကို GND မှာထောက်ပြီး
အနီတံဖြင့် အပေါင်းလမ်းကြောင်းတွေလိုက်ထောက်
တန်ဖိုးပြ တတီတီမည်နေရင် short ပဲ

ဒီထက်ပိုလွယ်အောင်မှတ်ချင်ရင်
တစ်ဖက်ပြ တစ်ဖက်မပြ ကောင်း၏
နှစ်ဖက်လုံးပြ short
တစ်ဖက်မှမပြ open ပေါ့

အပြင်ဗို့အားပေးသွင်းပြီး ပေးသွင်းထားစဉ်
Short တိုင်းနည်းကို နောက်မှ ဆက်ပါတော့မယ်

နေဝင်းအီလက်ထရောနစ်

(မှားယွင်းသောယူဆမှုများဖြစ်ခဲ့ပါက သင်ဆရာ မြင်ဆရာ
များ၏အမှားမဟုတ်ဘဲ
မိမိတွင်သာ အပြစ်ရှိပါကြောင်း)
မူရငျးပို့ဈပိုငျရှငျအား လေးစားစှာ Credit ပေးပါတယျ။

No comments:

Post a Comment

မင်္ဂလာပါ..