gmail နဲ့ပတ်သက်ပြီး လုံခြုံမှုရှိဖို့ password ချိန်းတတ်ဖို့လည်းလိုပါတယ်။
password ချိန်းချင်တယ်ဆိုရင်
၁။ ရှေးဦးစွာ မိတ်ဆွေရဲ့ Gmail ထဲကို ဝင်လိုက်ပါ ။
၂။ မေးလ်ထဲရောက်ပြီဆိုတာနဲ့ ညာဘက် အပေါ်ဒေါင့်လေးမှာ settings ဆိုတာ ရှိပါတယ် ။ အဲဒီ settings ထဲကို ဝင်ပါ ။
settings ထဲ ရောက်ပြီဆိုတာနဲ့ General , Labels , Accounts and Import အစသဖြင့် တွေ့ရမှာပါ ။
၃။Accounts and Import ကို ထပ် ဝင်ပါ ။ အဲဒီမှာ Change account settings ဆိုတာလေး အောက်ဆုံးမှာ တွေ့ပါလိမ့်မယ် ။
၄။ ဘေးမှာ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Google Account settings ဆိုတာလေးကို နှိပ်လိုက်ပါ ။
မိတ်ဆွေရဲ့ အကောင့်ကို Setting ချမယ့်နေရာ ကိုရောက်ပါပြီ ။ ဒီမှာ တစ်ခု ပြောချင်တာက မိ တ်ဆွေက
မေးလ်ထဲက မသွားပဲ Gtalk ကနေ settings > General > Account settings ကနေသွားရင်လဲ ဒီနေရာ
ကို ရောက်ပါတယ် ။ ကဲ အဲဒီမှာ Personal settings ဆိုတာရဲ့ အောက်မှာ Security ထဲက Change
Password ဆိုတာလေးကနေ password ချိန်းပါ့မယ် ။
၅။ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Change Password ကို နှိပ်လိုက်ပါ ။
Current password ဆိုတဲ့ နေရာမှာ အခုအသုံးပြုနေတဲ့ password အဟောင်းကို ထည့်ပါ ။
New password မှာ တော့ မိမိ အသစ်ပြောင်းချင်တဲ့ Password ကိုထည့်ပါ ။
အောက်မှာ confirm new password နေရာမှာ New
password မှာ ဖြည့်ခဲ့တဲ့ password အသစ်ကို ထပ် ထည့်ပေးပါ ။
၆။ ပြီးရင်တော့ Save ပေါ့ ။
ဒါဆိုရင်ပြီးပါပြီ။

No comments:
Post a Comment
မင်္ဂလာပါ..