menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

IDE connector & SATA connector

အခုပြောပြမယ့်အကြောင်းအရာကတော့ IDE connector နဲ့ SATA connector အကြောင်းဘဲဖြစ်ပါတယ်။ IDE connector ဆိုတာကတော့ အရင်ခေတ် မားသားဘုတ်တွေမှာ တွေ့ရပါတယ်။ ယနေ့ခေတ်မှာတော့ မရှိတော့ပါဘူး။ သူက အရင်ခေတ်က Hard Disk Drive တွေ floppy disk drive တွေနဲ့ Optical Disk Drive လို့ခေါ်တဲ့ DVD R/W(read, write) တွေနဲ့ ဆက်သွယ် အသုံးပြုရပါတယ်။ ပင်ပေါင်း ၄၀ ပါဝင်ပြီးတော့ Integrated Drive Electronics လိုခေါ်ဆိုပါတယ်။ SATA ဆိုတာကတော့ ယနေ့ခေတ်မှာ standard အဖြစ်သတ်မှတ်ထားပါတယ်။ IDE များရဲ့ နေရာကို အစားထိုးဝင်ရောက်လာပြီး ပါဝါစားသက်သာတာတွေ နေရာသက်သာတာတွေနဲ့ R/W speed များတာတွေကြောင့် အသုံးတွင်ကျယ်လာခဲ့ရပါတယ်။ သူ့ကိုတော့ ၂၀၀၀ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ပင်ပေါင်း ၄၀ အစား conductor ၇ ခုနဲ့ အလုပ်လုပ်သွားပါတယ်။ နာမည် အရှည်ကောက်ကတော့ Serial AT Attachment ဖြစ်ပါတယ်။ SATA မှာ ပါဝါ SATA နဲ့ Data SATA နှစ်ခုရှိတယ်လို့ မှတ်ယူထားရပါမယ်။ Power supply ကထွက်လာတဲ့ Power SATA နဲ့ Data SATA ကြိုး နဲ့တွဲဖက်အသုံးပြုပေးရပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာ စဆင်ပြီဆို သတိမထားမိဘဲ DATA SATA မတပ်မိတာတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော် အပါအဝင်ပေါ့ 😁

No comments:

Post a Comment

မင်္ဂလာပါ..