menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera တစ်လုံး ဝယ်မယ်ဆိုရင် (အပိုင်း-၂)

ဓာတ်ပုံရိုက်ချင်တယ်..။ ဘယ်ကင်မရာ ဝယ်ရမလဲ..။ ဘယ်မှန်ဘီလူး ဝယ်ရမလဲ..။ ငွေဘယ်လောက် သုံးရမလဲ…။ ဒီအကြောင်းတွေကို ဆက်လက်တင်ပြပေးပါ့မယ်..

အပိုင်း (၁) ကိုကြည့်ရသေးတဲ့သူများအတွက် အောက်က လင့်မှာ လေ့လာလို့ရပါတယ်..

Camera တစ်လုံး ဝယ်မယ်ဆိုရင် အပိုင်း (၁)

Nikon ကောင်းလား Canon ကကောင်းလား Sony ကရော ဘယ်လိုနေလဲ…။ စတဲ့ မေးခွန်းတွေကို ခဏခဏ မေးတတ်ကြပါတယ် ။တကယ်တော့ ~

Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် အဓိက က ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံကို လူက လိုက်ရိုက်ပေးနိုင်ဖို့ပဲ လိုပါတယ်…။

တစ်ခုစီမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်…။

ဓာတ်ပုံကို ၀ါသနာပါတယ် ဘယ်လိုကင်မရာ ဝယ်ရမလဲ..။ ဘယ် Brand ဝယ်ရမလဲဆိုရင်တော့…။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးပါ..။

(၁) ငါ ဘယ်လို ဓာတ်ပုံမျိုးကို ရိုက်ချင်တာလဲ …။

(၂) ငွေဘယ်လောက် သုံးနိုင်မလဲ…။

ဆိုတာပါပဲ…။

ကင်မရာတွေကို အကြမ်းဖျင်းအားဖြင့် Bridge အုပ်စု နဲ့ DSLR အုပ်စု ဆိုပြီး GROUP နှစ်ခု ခွဲခြားမှတ်သားနိုင်ပါတယ် ။



Bridge ဆိုတာ

~~~~~~~~~

ကင်မရာရဲ့ဘော်ဒီမှာ သင့်တော်တဲ့ မှန်ဘီလူး( lens ) တစ်လုံးကို အသေတွဲတပ်ဆင်ပြီး ထုတ်လုပ်ရောင်းချတဲ့ကင်မရာမျိုးတွေပါ ။Lens ကို အသေတပ်ဆင်ထားတာမို့ Bridge ကင်မရာတွေဟာ DSLR ကင်မရာတွေလို lens အမျိုးမျိုးပြောင်းတပ်လို့မရပါဘူး ။

ဒါပေမယ့်လည်း Bridge တွေဟာ DSLR ကင်မရာတွေ နီးပါးရိုက်လို့ရပါတယ်…။

Shutter Mode (TV/S), Aperture Mode (AV/A), Manual Mode (M) စတဲ့ DSLR မှာပါတဲ့ Function တွေ အားလုံး (နီးပါး) ပါဝင်ပါတယ်…။

DSLR ထက် အားသာတဲ့အချက်က Lens လဲစရာမလိုပဲ Range တော်တော်စုံစုံ ကို ရိုက်လို့ရပါတယ်….။ပီးတော့ DSLR ကင်မရာတွေထက်လည်း စျေးနှုန်းချိုသာပါတယ် ။

DSLR ထက် အားနည်းချက် (အဓိက အားနည်းချက်) က တော့ Sensor Size သေးလွန်းခြင်းနဲ့ DSLR တွေလောက် ISO မနိုင်ခြင်းပဲ ဖြစ်ပါတယ်…။

အဲ့ဒီ့အတွက် အဖြေကရှင်းပါတယ်..။ ရိုက်နိုင်သလားဆိုတော့ ရိုက်နိုင်တယ်..။ ဒါပေမယ့် ပုံထွက်ပိုင်းမှာတော့ တော်တော်သိသိသာသာလေး ကွာသွားနိုင်ပါတယ်…။

DSLR ကင်မရာရဲ့ပုံထွက်ကို Bridge ကင်မရာတွေက ဘယ်လိုမှ မမှီပါဘူး ။

ပုံအရည်အသွေးဟာ ဓာတ်ပုံဝါသနာရှင်/ပညာရှင် တစ်ယောက် အတွက် အသက်ဖြစ်တဲ့အတွက် DSLR ကင်မရာတွေကို အသုံးများကြပါတယ်…။



DSLR ဆိုတာ

~~~~~~~~~

နာမည်ကိုက Digital Single Lens Reflex ကို အတိုကောက် DSLR လို့ခေါ်ကြတာမို့ သူ့နာမည်ရဲ့ဆိုလိုရင်းအတိုင်း ကိုယ်ရိုက်ချင်တဲ့ Photography အမျိုးအစား တစ်ခုစီအတွက် မဖြစ်မနေ (ဖြစ်နိုင်ရင်) Lens တစ်ခုစီကို ပြောင်းလဲ အသုံးပြုဖို့ လိုပါလိ့မ်မယ်..။

ဥပမာ ပန်းပွင့်လေးတွေ ပုရွက်ဆိတ်လေးတွေ လိပ်ပြာလေးတွေကို အနီးကပ်အလှ ရိုက်ချင်တယ်ဆိုရင် Macro Lens … ရှုခင်းတွေကို ရိုက်ချင်တယ်ဆိုရင် Ultra Wide Lens … မော်ဒယ်အလှပုံ တွေ - Net Geo တို့ Discovery channel တွေကလို သဘာဝတောတရိစ္ဆာန်လေးတွေရဲ့

Wild Life ကို ရိုက်ချင်တယ်ဆိုရင် Tele Lens စသဖြင့် ကိုယ်ရိုက်ချင်တဲ့ အပေါ်မှာ မူတည်ပြီး အသုံးပြုရမယ့် Lens တွေကွဲပြားသွားပါတယ်…။

အရေးကြီးတဲ့အချက်က စ ဝယ်မယ့်သူတော်တော်များများဟာ DSLR ကို မြင်တိုင်း Professional Camera လို့ ထင်ကြပါတယ်..။

အမှန်တစ်ကယ်ဆို DSLR တိုင်း Professional Camera မဟုတ်ပါဘူး…။

DSLR Camera တွေမှာ Level လေးခုရှိပါတယ်..

~~~~~~~~~~~~~~~~~~~~

(1) Entry Level –

ဒါကတော့ ကင်မရာကို ခုမှစ ထိတွေ့သုံးစွဲတဲ့သူတွေအတွက် သုံးရတာ လွယ်ကူအဆင်ပြေအောင် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေပါ ။ ဥပမာ ~

Canon ကင်မရာမော်ဒယ်တွေမှာဆိုရင်

1100D, 550D, 600D, 650D, 700D

Nikon ကင်မရာမော်ဒယ်တွေဆိုရင်

D60, D3000, D3100, D5000, D5100, D5200

စတဲ့ ကင်မရာတွေဟာ entry level တွေပါ ။

(သိသာတဲ့အချက်က Entry Level DSLR Body တွေမှာ Top Panel Display မပါပါဘူး)

(2) Semi-Pro Level –

ဒါကတော့ အပျော်တမ်းဝါသနာကြီးသူတွေ အတွက် နည်းနည်းပိုကလိလို့ရ တဲ့ အတန်းပေါ့ ။ စျေးလည်း entey တွေထက် နည်းနည်းလေးပိုလာမယ် ။

Canon မှာဆို 50D, 60D

Nikon မှာဆို D90, D7000, D7100 , D7200

https://m.facebook.com/notesforcamerausers/

(3) High End Semi-Pro-

ဒါကတော့ ကြေးစားသတင်းထောက်တွေ - မှတ်တမ်းသမားတွေအတွက် အထူးသင့်တော်ပါတယ် ။စျေးလည်း ပိုပေးရ လာပါပြီ ။

Canon မှာဆိုရင် 7D , 6D , 7D mark 2

( 7D ဆိုရင် ဟောလိဝုဒ်/ ဘောလိဝုဒ် စတဲ့ နိုင်ငံတကာရုပ်ရှင်နယ်ပယ်တွေမှာ ရုပ်ရှင်ဇာတ်လမ်းရိုက်တဲ့ ကင်မရာအဖြစ်တောင် သုံးကြပါတယ် )

Nikon မှာဆိုရင်တော့ D300, D300sစတာတွေပေါ့ ။

(4) Pro Level –

ဒါကတော့ ပရော်ဖက်ရှင်နယ်ဘွက တစ်ပြားသားမှအလျှော့မပေးနိုင်ဘူးဟေ့ ဆိုတဲ့သူတွေအတွက်ပေါ့ ။

Canon မှာဆိုရင် 5D Mark II , 5D Mark III , 1DS Series, 1DX ၊ Nikon မှာဆိုရင် D700, D800, D800s, D3s, D3x, D4- စတာတွေပေါ့ ။

နောက်တစ်ခုက Camera Body တစ်ခုနဲ့ တစ်ခုကို တန်းမတူတာတွေ မညှိဖို့ လိုပါတယ်..။

ဥပမာ Nikon က D90 ကို Canon က 5D Mark II နဲ့ ညှိ လို့မရသလို…။ Canon က 7D ကိုလည်း Nikon က D700 နဲ့ သွားညှိ လို့မရပါဘူး..။

Line Up မတူပါဘူး..။ ယှဉ်ချင်ရင် Nikon D90 နဲ့ Canon 50D, 60D (သို့မဟုတ်) Nikon D300s နဲ့ Canon 7D (သို့မဟုတ်)

Nikon D700 နဲ့ Canon 5D Mark II စသဖြင့် သူ့ Line Up နဲ့ သူ ယှဉ်မှသာ အဖြေမှန်ကို ရပါလိမ့်မယ်…။

Pro Level Camera နဲ့ Pro Level မဟုတ်တဲ့ Camera ဘာကွာသလဲ ဆိုရင်တော့ Sensor ပါပဲ..။

Pro Level Camera တွေမှာ Full Frame Sensor (35mm) ပါဝင်နေတာဖြစ်ပြီး..။

Entry Level က အစ High End Semi-Pro အဆုံး Canon မှာဆို APS-C 1.6x crop sensor (Canon မှာ APS-H ဆိုတာရှိပါသေးတယ် 1D Series ပါ…။ 1Ds နဲ့ မဆိုင်ပါ..။

1Ds က Full Frame ပါ..။) နဲ့ Nikon မှာ ဆို DX 1.5 Crop Sensor တွေသာပါမှာ ဖြစ်ပါတယ်..။Sensor ကွာတော့ ပုံ quality သိသိသာသာ ကွာသွားပါတယ်..။

အထူးသဖြင့် ISO များများတင်ရိုက်တဲ့အချိန်မှာ သိသိသာသာကြီး ကွာသွားပါတယ်..။

ဒီလောက်ဆိုရင် DSLR တွေအကြောင်းကို နဲနဲ တီးမိခေါက် မိလောက်ရှိသွားပြီ ထင်ပါတယ်…။ ကျနော်အခုရေးပြတာမှာ ကျနော်သိသလောက် ဖတ်ဖူးသလောက်အွန်လိုင်းပေါ်ကဓါတ်ပုံဆောင်းပါးများကို Notes အနေနဲ့သိမ်းထားတဲ့စာတိုမှတ်စု ဗဟုသုတနည်းနည်းလေးနဲ့ရေးထားတာမို့လို့ လိုအပ်ချက်တွေလည်းရှိမှာပါ ။ ပိုပြီးပြည့်စုံသွားအောင် သိနားလည်ချင်သူများက Aperture 21 ကဲ့သို့ ပညာရှင်တွေရဲ့ photography page များမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် ။ကျနော်လည်း သူတို့ဆောင်းပါးတွေထဲက collect လုပ်ပီး တင်ပြထားတာပါ ။

နိဂုံးအနေနဲ့ ကင်မရာ စ ဝယ်မယ့်သူများအနေနဲ့ ကျွန်တော် အပေါ်က ပြောခဲ့တာတွေအားလုံးကို လေ့လာသုံးသပ်ပြီးမှ ကိုယ်ဘယ်လောက်အထိရိုက်ချင်တာလဲ ဆိုတာစဉ်းစားပီး ဝယ်စေချင်ပါတယ်..။

Photography ဟာ ငွေကုန်ကြေးကျများတဲ့ဝါသနာ ( Expensive Hobby ) တစ်ခုဖြစ်တဲ့အတွက် ဝယ်ပြီးမှ ကိုယ်နဲ့ အဆင်မပြေ အသုံးမတည့်ရင် အရှုံးကြီးပါလိ့မ်မယ်.။

ဝယ်လိုက် မကြိုက်လို့ ပြန်ရောင်းလိုက် လုပ်ရင် ကိုယ့်အတွက် နှစ်ခါ နစ်နာပါတယ်..။ ဒါကြောင့် လွယ်လွယ်ကူကူ Canon မှာဆိုရင် (650D, 700D ) ဝယ်လိုက်..။

Nikon မှာဆို D5200 ဝယ် ဘာညာဆိုပြီး (ဖြစ်နိုင်ရင်) ကျွန်တော် အကြံမပေးလိုပါဘူး..။

ဘာလို့လဲဆိုတော့ Camera သမားတိုင်းဟာ Entry Level Camera ဝယ်ပြီး သိပ်မကြာခင် (၁ လ ၂ လ ) အတွင်းမှာတင် Semi-Pro ကို စ ပြောင်းချင်လာပါတယ်..။

အဲ့ဒီ့ အခါ အောက်စျေးနဲ့ ကိုယ့်ကင်မရာကို ရောင်းရတဲ့အတွက် တစ်ခါရှုံး..။ Semi Pro တွေက စျေးမြင့်တဲ့ အတွက် တစ်ခါ ထပ်ကုန်နဲ့ နှစ်ခါ နာတတ်ပါတယ်..။

ဒါကြောင့် သေသေချာချာ စဉ်းစားပြီးမှ ဝယ်စေချင်ပါတယ်..။

အရေးကြီးဆုံးအချက်ကတော့ ကိုယ့်မှာသုံးမယ့် ငွေအနေအထားနဲ့ ကိုယ်လိုချင် ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစားကို ချိန်တွက်ပြီး ဝယ်တတ် ဖို့လိုပါတယ်….။

စိတ်ထဲမှာ အမြဲတမ်းမှတ်ထားဖို့ကတော့ ~

“သူဘာ Camera သုံးလဲဆိုတာထက်..။ သူဘယ်လိုရိုက်သလဲ…။ ကင်မရာ နောက်က လူက ဘာလဲ” ဆိုတာပဲ ဖြစ်ပါတယ်..။

zawgyifont
ဓာတ္ပံုရိုက္ခ်င္တယ္..။ ဘယ္ကင္မရာ ၀ယ္ရမလဲ..။ ဘယ္မွန္ဘီလူး ၀ယ္ရမလဲ..။ ေငြဘယ္ေလာက္ သံုးရမလဲ…။ ဒီအေၾကာင္းေတြကုိ ဆက္လက္တင္ျပေပးပါ့မယ္..
အပုိင္း (၁) ကုိၾကည့္ရေသးတဲ့သူမ်ားအတြက္ ေအာက္က လင့္မွာ ေလ့လာလုိ႔ရပါတယ္..
Camera တစ္လံုး ဝယ္မယ္ဆုိရင္ အပုိင္း (၁)
Nikon ေကာင္းလား Canon ကေကာင္းလား Sony ကေရာ ဘယ္လိုေနလဲ…။ စတဲ႔ ေမးခြန္းေတြကို ခဏခဏ ေမးတတ္ၾကပါတယ္ ။တကယ္ေတာ့ ~
Canon ပဲ ျဖစ္ျဖစ္ Nikon ပဲ ျဖစ္ျဖစ္ အဓိက က ကိုယ္ရိုက္ခ်င္တဲ့ ဓာတ္ပံုကို လူက လိုက္ရိုက္ေပးႏိုင္ဖို႕ပဲ လိုပါတယ္…။
တစ္ခုစီမွာ အားနည္းခ်က္ အားသာခ်က္ေတြ ကိုယ္စီ ရွိၾကပါတယ္…။
ဓာတ္ပံုကို ၀ါသနာပါတယ္ ဘယ္လိုကင္မရာ ၀ယ္ရမလဲ..။ ဘယ္ Brand ၀ယ္ရမလဲဆိုရင္ေတာ့…။ အရင္ဆံုး ကိုယ့္ကိုယ္ကို ျပန္ေမးပါ..။
(၁) ငါ ဘယ္လို ဓာတ္ပံုမ်ိဳးကို ရိုက္ခ်င္တာလဲ …။
(၂) ေငြဘယ္ေလာက္ သံုးႏိုင္မလဲ…။
ဆိုတာပါပဲ…။
ကင္မရာေတြကို အၾကမ္းဖ်င္းအားျဖင့္ Bridge အုပ္စု နဲ႕ DSLR အုပ္စု ဆိုျပီး GROUP ႏွစ္ခု ခြဲျခားမွတ္သားႏိုင္ပါတယ္ ။


Bridge ဆိုတာ
~~~~~~~~~
ကင္မရာရဲ႕ေဘာ္ဒီမွာ သင့္ေတာ္တဲ႔ မွန္ဘီလူး( lens ) တစ္လံုးကို အေသတြဲတပ္ဆင္ျပီး ထုတ္လုပ္ေရာင္းခ်တဲ႔ကင္မရာမ်ိဳးေတြပါ ။Lens ကို အေသတပ္ဆင္ထားတာမို႕ Bridge ကင္မရာေတြဟာ DSLR ကင္မရာေတြလို lens အမ်ိဳးမ်ိဳးေျပာင္းတပ္လို႕မရပါဘူး ။
ဒါေပမယ့္လည္း Bridge ေတြဟာ DSLR ကင္မရာေတြ နီးပါးရိုက္လို႕ရပါတယ္…။
Shutter Mode (TV/S), Aperture Mode (AV/A), Manual Mode (M) စတဲ့ DSLR မွာပါတဲ့ Function ေတြ အားလံုး (နီးပါး) ပါဝင္ပါတယ္…။
DSLR ထက္ အားသာတဲ့အခ်က္က Lens လဲစရာမလိုပဲ Range ေတာ္ေတာ္စံုစံု ကို ရိုက္လို႕ရပါတယ္….။ပီးေတာ့ DSLR ကင္မရာေတြထက္လည္း ေစ်းႏႈန္းခ်ိဳသာပါတယ္ ။
DSLR ထက္ အားနည္းခ်က္ (အဓိက အားနည္းခ်က္) က ေတာ့ Sensor Size ေသးလြန္းျခင္းနဲ႕ DSLR ေတြေလာက္ ISO မႏိုင္ျခင္းပဲ ျဖစ္ပါတယ္…။
အဲ့ဒီ့အတြက္ အေျဖကရွင္းပါတယ္..။ ရိုက္ႏိုင္သလားဆိုေတာ့ ရိုက္ႏိုင္တယ္..။ ဒါေပမယ့္ ပံုထြက္ပိုင္းမွာေတာ့ ေတာ္ေတာ္သိသိသာသာေလး ကြာသြားႏိုင္ပါတယ္…။
DSLR ကင္မရာရဲ႕ပံုထြက္ကို Bridge ကင္မရာေတြက ဘယ္လိုမွ မမွီပါဘူး ။
ပံုအရည္အေသြးဟာ ဓာတ္ပံု၀ါသနာရွင္/ပညာရွင္ တစ္ေယာက္ အတြက္ အသက္ျဖစ္တဲ့အတြက္ DSLR ကင္မရာေတြကို အသံုးမ်ားၾကပါတယ္…။


DSLR ဆိုတာ
~~~~~~~~~
နာမည္ကိုက Digital Single Lens Reflex ကို အတိုေကာက္ DSLR လို႕ေခၚၾကတာမို႕ သူ႕နာမည္ရဲ႕ဆိုလိုရင္းအတိုင္း ကိုယ္ရိုက္ခ်င္တဲ့ Photography အမ်ိဳးအစား တစ္ခုစီအတြက္ မျဖစ္မေန (ျဖစ္ႏိုင္ရင္) Lens တစ္ခုစီကို ေျပာင္းလဲ အသံုးျပဳဖို႕ လိုပါလိ့မ္မယ္..။
ဥပမာ ပန္းပြင့္ေလးေတြ ပုရြက္ဆိတ္ေလးေတြ လိပ္ျပာေလးေတြကို အနီးကပ္အလွ ရိုက္ခ်င္တယ္ဆိုရင္ Macro Lens … ရွဳခင္းေတြကို ရိုက္ခ်င္တယ္ဆိုရင္ Ultra Wide Lens … ေမာ္ဒယ္အလွပံု ေတြ - Net Geo တို႕ Discovery channel ေတြကလို သဘာဝေတာတရိစၧာန္ေလးေတြရဲ႕
Wild Life ကို ရိုက္ခ်င္တယ္ဆိုရင္ Tele Lens စသျဖင့္ ကိုယ္ရိုက္ခ်င္တဲ့ အေပၚမွာ မူတည္ၿပီး အသံုးျပဳရမယ့္ Lens ေတြကြဲျပားသြားပါတယ္…။
အေရးႀကီးတဲ့အခ်က္က စ ၀ယ္မယ့္သူေတာ္ေတာ္မ်ားမ်ားဟာ DSLR ကို ျမင္တိုင္း Professional Camera လို႕ ထင္ၾကပါတယ္..။
အမွန္တစ္ကယ္ဆို DSLR တိုင္း Professional Camera မဟုတ္ပါဘူး…။
DSLR Camera ေတြမွာ Level ေလးခုရွိပါတယ္..
~~~~~~~~~~~~~~~~~~~~
(1) Entry Level –
ဒါကေတာ့ ကင္မရာကို ခုမွစ ထိေတြ႕သံုးစြဲတဲ႔သူေတြအတြက္ သံုးရတာ လြယ္ကူအဆင္ေျပေအာင္ ထုတ္လုပ္ေရာင္းခ်တဲ႔ ကင္မရာေတြပါ ။ ဥပမာ ~
Canon ကင္မရာေမာ္ဒယ္ေတြမွာဆိုရင္
1100D, 550D, 600D, 650D, 700D
Nikon ကင္မရာေမာ္ဒယ္ေတြဆိုရင္
D60, D3000, D3100, D5000, D5100, D5200
စတဲ႔ ကင္မရာေတြဟာ entry level ေတြပါ ။
(သိသာတဲ့အခ်က္က Entry Level DSLR Body ေတြမွာ Top Panel Display မပါပါဘူး)
(2) Semi-Pro Level –
ဒါကေတာ့ အေပ်ာ္တမ္းဝါသနာႀကီးသူေတြ အတြက္ နည္းနည္းပိုကလိလို႕ရ တဲ႔ အတန္းေပါ့ ။ ေစ်းလည္း entey ေတြထက္ နည္းနည္းေလးပိုလာမယ္ ။
Canon မွာဆို 50D, 60D
Nikon မွာဆို D90, D7000, D7100 , D7200
(3) High End Semi-Pro-
ဒါကေတာ့ ေၾကးစားသတင္းေထာက္ေတြ - မွတ္တမ္းသမားေတြအတြက္ အထူးသင့္ေတာ္ပါတယ္ ။ေစ်းလည္း ပိုေပးရ လာပါျပီ ။
Canon မွာဆိုရင္ 7D , 6D , 7D mark 2
( 7D ဆိုရင္ ေဟာလိဝုဒ္/ ေဘာလိဝုဒ္ စတဲ႔ ႏိုင္ငံတကာရုပ္ရွင္နယ္ပယ္ေတြမွာ ရုပ္ရွင္ဇာတ္လမ္းရိုက္တဲ႔ ကင္မရာအျဖစ္ေတာင္ သံုးၾကပါတယ္ )
Nikon မွာဆိုရင္ေတာ့ D300, D300sစတာေတြေပါ့ ။
(4) Pro Level –
ဒါကေတာ့ ပေရာ္ဖက္ရွင္နယ္ဘြက တစ္ျပားသားမွအေလွ်ာ့မေပးႏိုင္ဘူးေဟ့ ဆိုတဲ႔သူေတြအတြက္ေပါ့ ။
Canon မွာဆိုရင္ 5D Mark II , 5D Mark III , 1DS Series, 1DX ၊ Nikon မွာဆိုရင္ D700, D800, D800s, D3s, D3x, D4- စတာေတြေပါ့ ။
ေနာက္တစ္ခုက Camera Body တစ္ခုနဲ႕ တစ္ခုကို တန္းမတူတာေတြ မညွိဖို႕ လိုပါတယ္..။
ဥပမာ Nikon က D90 ကို Canon က 5D Mark II နဲ႕ ညွိ လို႕မရသလို…။ Canon က 7D ကိုလည္း Nikon က D700 နဲ႕ သြားညွိ လို႕မရပါဘူး..။
Line Up မတူပါဘူး..။ ယွဥ္ခ်င္ရင္ Nikon D90 နဲ႕ Canon 50D, 60D (သို႕မဟုတ္) Nikon D300s နဲ႕ Canon 7D (သို႕မဟုတ္)
Nikon D700 နဲ႕ Canon 5D Mark II စသျဖင့္ သူ႕ Line Up နဲ႕ သူ ယွဥ္မွသာ အေျဖမွန္ကို ရပါလိမ့္မယ္…။
Pro Level Camera နဲ႕ Pro Level မဟုတ္တဲ့ Camera ဘာကြာသလဲ ဆိုရင္ေတာ့ Sensor ပါပဲ..။
Pro Level Camera ေတြမွာ Full Frame Sensor (35mm) ပါ၀င္ေနတာျဖစ္ၿပီး..။
Entry Level က အစ High End Semi-Pro အဆံုး Canon မွာဆို APS-C 1.6x crop sensor (Canon မွာ APS-H ဆိုတာရွိပါေသးတယ္ 1D Series ပါ…။ 1Ds နဲ႕ မဆိုင္ပါ..။
1Ds က Full Frame ပါ..။) နဲ႕ Nikon မွာ ဆို DX 1.5 Crop Sensor ေတြသာပါမွာ ျဖစ္ပါတယ္..။Sensor ကြာေတာ့ ပံု quality သိသိသာသာ ကြာသြားပါတယ္..။
အထူးသျဖင့္ ISO မ်ားမ်ားတင္ရိုက္တဲ့အခ်ိန္မွာ သိသိသာသာႀကီး ကြာသြားပါတယ္..။
ဒီေလာက္ဆိုရင္ DSLR ေတြအေၾကာင္းကို နဲနဲ တီးမိေခါက္ မိေလာက္ရွိသြားၿပီ ထင္ပါတယ္…။ က်ေနာ္အခုေရးျပတာမွာ က်ေနာ္သိသေလာက္ ဖတ္ဖူးသေလာက္အြန္လိုင္းေပၚကဓါတ္ပံုေဆာင္းပါးမ်ားကို Notes အေနနဲ႕သိမ္းထားတဲ႔စာတိုမွတ္စု ဗဟုသုတနည္းနည္းေလးနဲ႕ေရးထားတာမို႕လို႕ လိုအပ္ခ်က္ေတြလည္းရွိမွာပါ ။ ပိုျပီးျပည္႕စံုသြားေအာင္ သိနားလည္ခ်င္သူမ်ားက Aperture 21 ကဲ႔သို႕ ပညာရွင္ေတြရဲ႕ photography page မ်ားမွာ ဝင္ေရာက္ဖတ္ရႈ႕ႏိုင္ပါတယ္ ။က်ေနာ္လည္း သူတို႕ေဆာင္းပါးေတြထဲက collect လုပ္ပီး တင္ျပထားတာပါ ။
နိဂံုးအေနနဲ႕ ကင္မရာ စ ၀ယ္မယ့္သူမ်ားအေနနဲ႕ ကြ်န္ေတာ္ အေပၚက ေျပာခဲ့တာေတြအားလံုးကို ေလ့လာသံုးသပ္ၿပီးမွ ကိုယ္ဘယ္ေလာက္အထိရိုက္ခ်င္တာလဲ ဆိုတာစဥ္းစားပီး ၀ယ္ေစခ်င္ပါတယ္..။
Photography ဟာ ေငြကုန္ေၾကးက်မ်ားတဲ႔ဝါသနာ ( Expensive Hobby ) တစ္ခုျဖစ္တဲ့အတြက္ ၀ယ္ၿပီးမွ ကုိယ္နဲ႕ အဆင္မေျပ အသံုးမတည့္ရင္ အရွံဳးႀကီးပါလိ့မ္မယ္.။
၀ယ္လိုက္ မၾကိဳက္လို႕ ျပန္ေ၇ာင္းလိုက္ လုပ္ရင္ ကိုယ့္အတြက္ ႏွစ္ခါ နစ္နာပါတယ္..။ ဒါေၾကာင့္ လြယ္လြယ္ကူကူ Canon မွာဆိုရင္ (650D, 700D ) ၀ယ္လိုက္..။
Nikon မွာဆို D5200 ၀ယ္ ဘာညာဆိုၿပီး (ျဖစ္ႏိုင္ရင္) ကြ်န္ေတာ္ အၾကံမေပးလိုပါဘူး..။
ဘာလို႕လဲဆိုေတာ့ Camera သမားတိုင္းဟာ Entry Level Camera ၀ယ္ၿပီး သိပ္မၾကာခင္ (၁ လ ၂ လ ) အတြင္းမွာတင္ Semi-Pro ကို စ ေျပာင္းခ်င္လာပါတယ္..။
အဲ့ဒီ့ အခါ ေအာက္ေစ်းနဲ႕ ကိုယ့္ကင္မရာကုိ ေရာင္းရတဲ့အတြက္ တစ္ခါရွံဳး..။ Semi Pro ေတြက ေစ်းျမင့္တဲ့ အတြက္ တစ္ခါ ထပ္ကုန္နဲ႕ ႏွစ္ခါ နာတတ္ပါတယ္..။
ဒါေၾကာင့္ ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ၀ယ္ေစခ်င္ပါတယ္..။
အေရးႀကီးဆံုးအခ်က္ကေတာ့ ကိုယ့္မွာသံုးမယ့္ ေငြအေနအထားနဲ႕ ကိုယ္လိုခ်င္ ရိုက္ခ်င္တဲ့ ဓာတ္ပံုအမ်ိဳးအစားကို ခ်ိန္တြက္ၿပီး ၀ယ္တတ္ ဖို႕လိုပါတယ္….။
စိတ္ထဲမွာ အျမဲတမ္းမွတ္ထားဖို႕ကေတာ့ ~
“သူဘာ Camera သံုးလဲဆိုတာထက္..။ သူဘယ္လိုရိုက္သလဲ…။ ကင္မရာ ေနာက္က လူက ဘာလဲ” ဆိုတာပဲ ျဖစ္ပါတယ္..။
Credit: Min Han

No comments:

Post a Comment

မင်္ဂလာပါ..