menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Aircon တတ်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ



 unicode

Air Con တပ်မယ်ဆိုလျှင်

သိထားသင့်တဲ့ အချက်များ ။

===================

(၁) British Thermal Unit (Btu) or KW
=======================
Air Con တစ်လုံးရဲ့ အေးနိုင်စွမ်းကို Btu or KW နဲ့ တိုင်းတာပါတယ်။
(ယခုနောက်ပိုင်း SI unitများ အသုံးတွင်ကျယ်လာ ပြီး Btu အစား KW နှင့် ဖော်ပြလာကြပါသည်။)
Btu များလာတဲ့အလျောက် သူ့ရဲ့ဈေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
အများစု သိထားကြတယ့် horsepower(hp) မြင်းကောင်ရေအား က တကယ်တမ်းတော့ အရေးမပါ ပါဘူး။
Horsepower (hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး ။
Horsepower(hp) ဘယ်နကောင်ရှိတဲ့ Air Con မှာ Btu ဘယ်လောက်ထွက်လဲဆိုတာ Brand အလိုက် Model အလိုက် သတ်မှတ်ပုံ ကွဲပြားနိုင်ပါတယ်။
( 1 KW = 3415 Btu/hr)

မိမိအခန်းအတွက် လိုအပ်တဲ့ Btu ကို အကြမ်းဖျင်းတွက်ကြည့်နိုင်ပါတယ်။


မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို (50 မှ 65 )ကြား နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu or KW ပါပဲ။

➡️ ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။ 180 x (50 to65) = 9000 မှ 11700 Btu လိုအပ်ပါတယ်။ (စကားချပ်- အိပ်ခန်းအမျိုးအစားတွက်သာ ဆိုလိုရင်းဖြစ်သည်။) အခြားသော အခန်းအမျိုးအစားများအတွက် တွက်ထုတ်ပုံ မျိုးစုံကို ASHARE Hand Book မှ လေ့လာ ကြည့်ရှု့ နိူင်ပါသည်။


(၂) Energy Efficiency Ratio(EER)

========================

EER ဆိုတာ Cooling Capacity (Btu/hr or KW) ကို Input Power Consumption KiloWatt(KW) နဲ့ စားထားတဲ့ အချိုးပါ။

EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။

EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။

Air Con အများစုကတော့ EER 2.2 ကနေ 3.2 ကြားမှာ ရှိကြပါတယ်။

Inverter type တွေမှာဆို EER 3.0 ကနေ 4.0 ဝန်းကျင် ရှိကြပါတယ်။

24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

( ၃) Air Flow Rate

==============

အတွင်း unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (CMH) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။

1/ ၁ကောင် air con မှာ 380 to 580 CMH

2/ ၁ကောင်ခွဲ air con မှာ 420 to 605 CMH

3/ ၂ကောင် air con မှာ 720 to 1010 CMH

4/ ၂ကောင်ခွဲ air con မှာ 810 to 1050 CMH

ထွက်ရှိပါတယ်။ ( Reference ; Daikin FT...A series Model များမှ)

(၄) Noise

==========

ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင် Indoor unit နဲ့ Outdoor unit ရဲ့ ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။

Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။

Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံကို ကြားနေရနိုင်ပါတယ်။

ဆူညံမှုကို decibel (dBA) နဲ့ တိုင်းတာပါတယ်။ dBAနည်းလေ အသံတိုးလေပါ။ Split Type တွေမှာဆို Indoor unit ရဲ့ dBA ဟာ ( 25 မှ 48 ) အထိ ရှိနေနိူင်ပြီး၊ Outdoor unit ရဲ့ dBA ဟာ (45 မှ 52 ) အထိ ရှိနိူင်ပါတယ်။

( Reference ; Daikin FT...A series Model များမှ)

(၅) Copper Pipe Quality

===================

Air Con မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို့Air Con တွေမှာ ကြေး (100%) အစား အလူမီနီယမ် (100%) သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်းဝယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။

Technosquare Myanmar Co., Ltd.


zawgyi
Air Con တပ္မယ္ဆိုလွ်င္
သိထားသင့္တဲ့ အခ်က္မ်ား ။
===================
(၁) British Thermal Unit (Btu) or KW
=======================
Air Con တစ္လံုးရဲ ႔ ေအးႏိုင္စြမ္းကို Btu or KW နဲ႔ တိုင္းတာပါတယ္။
(ယခုေနာက္ပိုင္း SI unitမ်ား အသံုးတြင္က်ယ္လာ ၿပီး Btu အစား KW ႏွင့္ ေဖာ္ျပလာၾကပါသည္။)
Btu မ်ားလာတဲ့အေလ်ာက္ သူ႔ရဲ႕ေစ်းႏွဳန္းကလဲလိုက္ျပီး မ်ားလာမွာပါ။
အမ်ားစု သိထားျကတယ့္ horsepower(hp) ျမင္းေကာင္ေရအား က တကယ္တမ္းေတာ့ အေရးမပါ ပါဘူး။
Horsepower (hp) က အေအးႏွဳန္းကို တိုင္းတဲ့ unit မဟုတ္ပါဘူး ။
Horsepower(hp) ဘယ္နေကာင္ရွိတဲ့ Air Con မွာ Btu ဘယ္ေလာက္ထြက္လဲဆိုတာ Brand အလိုက္ Model အလိုက္ သတ္မွတ္ပံု ကြဲျပားႏိုင္ပါတယ္။
( 1 KW = 3415 Btu/hr)

မိမိအခန္းအတြက္ လိုအပ္တဲ့ Btu ကို အၾကမ္းဖ်င္းတြက္ၾကည့္ႏိုင္ပါတယ္။
မိမိ သံုးမယ့္အခန္းရဲ႕ အလ်ား x အနံ square feet ကို (50 မွ 65 )ၾကား နဲ႔ ေျမွာက္ပါ။ ရလာတဲ့အေျဖက မိမိ အခန္းအတြက္ လိုအပ္တဲ့ Btu or KW ပါပဲ။
➡️ ဥပမာ 12 ေပx 15 ေပ အခန္းဆိုရင္ square feet က 180 ပါ။ 180 x (50 to65) = 9000 မွ 11700 Btu လိုအပ္ပါတယ္။ (စကားခ်ပ္- အိပ္ခန္းအမ်ိဳးအစားတြက္သာ ဆိုလိုရင္းျဖစ္သည္။) အျခားေသာ အခန္းအမ်ိဳးအစားမ်ားအတြက္ တြက္ထုတ္ပံု မ်ိဳးစံုကို ASHARE Hand Book မွ ေလ့လာ ၾကည့္ရႈ့ ႏိူင္ပါသည္။

(၂) Energy Efficiency Ratio(EER)
========================
EER ဆိုတာ Cooling Capacity (Btu/hr or KW) ကို Input Power Consumption KiloWatt(KW) နဲ႔ စားထားတဲ့ အခ်ိဳးပါ။
EER မ်ားတဲ့ Air Con ေတြက ေရရွည္မွာ မီတာခ ကုန္က်စရိတ္ သက္သာပါတယ္။
EER မ်ားလာရင္ Air Con ေစ်းလဲ လိုက္မ်ားလာပါတယ္။
Air Con အမ်ားစုကေတာ့ EER 2.2 ကေန 3.2 ၾကားမွာ ရွိၾကပါတယ္။
Inverter type ေတြမွာဆို EER 3.0 ကေန 4.0 ဝန္းက်င္ ရွိၾကပါတယ္။
24 နာရီ 7 ရက္လံုး ဆက္တိုက္ အခ်ိန္ၾကာၾကာ သံုးရမယ့္ေနရာမ်ိဳးမွာဆို EER ျမင့္တဲ့ Air Con ကို ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။
( ၃) Air Flow Rate
==============
အတြင္း unit က ထြက္တဲ့ ေလထြက္နွဳန္း ကို cubic meter per hour (CMH) နဲ႔ တိုင္းတာပါတယ္။ ေလထြက္ႏွဳန္းမ်ားေလ အေအးျမန္ေလပါ။
1/ ၁ေကာင္ air con မွာ 380 to 580 CMH
2/ ၁ေကာင္ခြဲ air con မွာ 420 to 605 CMH
3/ ၂ေကာင္ air con မွာ 720 to 1010 CMH
4/ ၂ေကာင္ခြဲ air con မွာ 810 to 1050 CMH
ထြက္ရွိပါတယ္။ ( Reference ; Daikin FT...A series Model မ်ားမွ)
(၄) Noise
==========
ဆူညံမွဳဆိုတဲ့ေနရာမွာ split type မွာဆိုရင္ Indoor unit နဲ႔ Outdoor unit ရဲ႔ ဆူညံမွဳဆိုျပီး ၂ မ်ိဳး ရွိပါတယ္။
Indoor unit ရဲ႕ ပန္ကာက ေတာ္ေတာ္ဆူညံေနတယ္ဆိုရင္ သင္ညအိပ္ရင္ အေႏွာင့္အယွက္ ျဖစ္ေနမွာပါ။
Outdoor unit ကလည္း ျပတင္းေပါက္နဲ႔ နီးျပီး အသံက်ယ္ေနမယ္ဆိုရင္ အတြင္းကပင္ ဆူညံကို ၾကားေနရႏိုင္ပါတယ္။
ဆူညံမႈကို decibel (dBA) နဲ႔ တိုင္းတာပါတယ္။ dBAနည္းေလ အသံတိုးေလပါ။ Split Type ေတြမွာဆို Indoor unit ရဲ႕ dBA ဟာ ( 25 မွ 48 ) အထိ ရိွေနႏိူင္ၿပီး၊ Outdoor unit ရဲ႕ dBA ဟာ (45 မွ 52 ) အထိ ရိွႏိူင္ပါတယ္။
( Reference ; Daikin FT...A series Model မ်ားမွ)
(၅) Copper Pipe Quality
===================
Air Con မွာ outdoor unit ထဲမွာေရာ Indoor unit ထဲမွာေရာ ၂ခုကို ဆက္ေပးထားတဲ႔ ပိုက္မွာေရာ ေၾကးနီကို အသံုးျပဳရပါတယ္။ တကယ္လို႔ သံုးထားတဲ့ ေၾကးနီက မစစ္ရင္ေတာ့ Compressor နဲ႔ Condensor ဘယ္ေလာက္ေကာင္းေကာင္း full quality အေအးကို မရရွိနိုင္ပါဘူး။ တစ္ခ်ိဳ ႔Air Con ေတြမွာ ေၾကး (100%) အစား အလူမီနီယမ္ (100%) သို႔မဟုတ္ အလူမီနီယမ္ ေၾကး နွစ္မ်ိဳး ေရာစပ္ျပီး သံုးထားပါတယ္။ ကုန္ၾကမ္း၀ယ္စရိတ္မွာ ေၾကးက ၂ဆ ပိုကုန္က်ပါတယ္။ ေနာက္ျပီး ေၾကးက အလူမီနီယမ္ထက္ ပြတ္တိုက္စားႏွဳန္း ပိုခံႏိုင္ပါတယ္။ အပူခ်ိန္ ေျပာင္းလဲေပးတဲ့ အျမန္ႏွဳန္းမွာလဲ ေၾကးက ၂ဆ ပိုျမန္စြာ ေျပာင္းလဲ ေပးႏိုင္ပါတယ္။
Technosquare Myanmar Co., Ltd.

No comments:

Post a Comment

မင်္ဂလာပါ..