menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone ၏ microphone အလုပ္လုပ္ပံုမ်ား


 
 
 
 
iPhone တိုင်းမှာ တစ်ခုထက်ပိုသော microphone များပါရှိပါသည်။
iPhone 4 နဲ့ 4s တို့မှာ microphone ၂ ခု။
iPhone 5 မှ 6s Plus အထိ ၃ ခု။ ရှေ့ကင်မရာနားမှာရှိသော Receiver ခေါ် front microphone ၊ နောက်ကင်မရာအနားတွင်ရှိသော Rear microphone နဲ့ ဖုန်းရဲ့အောက်ခြေတွင်ရှိသော Bottom microphone တို့ဆိုပြီးတော့ပေါ့။
iPhone 7 မှ Xs model များအထိ microphone ၄ လုံး။ ၎င်းတို့၏ အောက်ခြေဘယ်ဘက်မှာပါသော microphone များဟာ အသံထွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ပေးတာမဟုတ်ပဲ ပြင်ပမှဆူညံသံများကို ရှင်းပေးတဲ့အလုပ်လုပ်ပါတယ်။

Microphone များ၏ အလုပ်လုပ်ပုံများ

Primary microphone ဖြစ်သည့် အောက်ခြေညာဘက်မှ microphone သည် သင့်ဘက်မှ ပြောဆိုသည့်အသံကို ဖမ်းယူပေးပါသည်။ ၎င်း mic ကောင်းမကောင်းစမ်းချင်ရင်တော့ Voice Memos app ကိုဖွင့်ပြီး အသံဖမ်းကြည့်ပါ။ သို့သော် Speaker ဖွင့်ပြီးဖုန်းပြောတာမျိုးတွေမှာတော့ front microphone က အသံဖမ်းခြင်းဆောင်ရွက်ပေးပါတယ်။
Receiver ခေါ် front microphone ဟာ ရှေ့ကင်မရာဖြင့် ရိုက်သည့် video တွေမှာ အသံဖမ်းပေးပါတယ်။ သို့သော် ၎င်းကို buttom microphone မှလည်း ဆောင်ရွက်ပေးလေ့ရှိပါတယ်။ တခုက အသံဖမ်းအလုပ်ဆောင်ရွက်ရင် တခြားတခုက noise cancellation ကိုဆောင်ရွက်ပေးပါတယ်။ Internet မှာ FaceTime တို့ Messenger တို့ စတဲ့ video calling တွေပြုလုပ်သည့်အခါ ၎င်း microphone နှင့် buttom microphone တို့မှအသံဖမ်းပေးပါတယ်။ ဒါ့အပြင် “Hey Siri” function အတွက် အသံဖမ်းယူခြင်းကိုလည်း ၎င်း microphone ကပဲ ဆောင်ရွက်ပေးပါတယ်။
Receiver microphone နှင့် buttom right microphone တို့ပေါင်းစပ်ပြီးတော့ Stereo အဆင့် အသံတွေကိုထုတ်ပေးပါတယ်။
နောက်ကြောဘက်ကင်မရာနားက Rear microphone ကတော့ အဓိကအားဖြင့် ၎င်းကင်မရာဖြင့်ရိုက်သည့် video တွေမှာ အသံဖမ်းယူပေးခြင်း ပြုလုပ်ပါတယ်။ Microphone ၄ လုံးစလုံးဟာ noise cancellation ကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဒါတွေကတော့ microphone တွေရဲ့ အလုပ်လုပ်ပုံပါ။

No comments:

Post a Comment

မင်္ဂလာပါ..