menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

apple Warranty ဟူသည်



(Unicode)
apple product  တစ်လုံးဝယ်တော့မယ့်သူများ ပထမဆုံး အလေးထားစဉ်းစားရမယ့် အရေးကြီးဆုံးအချက်က Apple Warranty ပါ။

Apple Warranty ဟာ Warranty ကာလအတွင်း မိမိအမှားကြောင့်မဟုတ်ပဲ သူ့အလိုလိုပျက်စီးမှူတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် Apple Warranty Policy အတိုင်း အခမဲ့ပြုပြင်ပေးခြင်းသော်လည်းကောင်း ၊ အသစ်တစ်လုံးအစားထိုး ပြန်ရနိုင်ခြင်းသော်လည်းကောင်း ခံစားနိုင်ပါမယ်။

Apple Warranty အကြောင်းပြောရာမှာလည်း မြန်မာနိုင်ငံအတွက် Apple မှ Official ဖြန့်ချိပေးထားတဲ့ Myanmar Official Warranty iPhone တွေ အကြောင်းလည်း သိထားသင့်ပါတယ်။


Apple မှ Myanmar Official Warranty ဖြင့် ZP/A ( Model : A1901 ) , TH/A , VN/A တို့ကို ရောင်းချခွင့် ပေးအပ်ထားပါတယ်။

မြန်မာပြည်မှနေ၍ Apple Warranty ကိစ္စများ ဆောင်ရွက်ပေးရာမှာ ယခင်အချိန်များကတော့ မည်သည့် Region မဆို သက်ဆိုင်ရာ Region မဟုတ်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ Apple ရဲ့ Warranty Policy အပြောင်းအလဲအရ Warranty ကိစ္စများကို သက်ဆိုင်ရာ Region အလိုက်သာ ခွဲခြားဆောင်ရွက်ပေးပါတယ်။ ဥပမာ - LL/A ဆို US Apple Store များကသာ အဓိကတာဝန်ယူဆောင်ရွက်ပေးပါတယ်။ ZP/A ကတော့ Singapore ZP/A (Model A1901 ), Myanmar ZP/A ( Model A1901 ) နဲ့ Hong Kong ZP/A ( Model A1865 ) ဆိုတဲ့ Region သုံးမျိုးနဲ့သက်ဆိုင်ပါတယ်။

Hong Kong ZP/A ( A1865 ) ကတော့ Myanmar Official Warranty ခံစားခွင့် ရရှိမှာ မဟုတ်ပါဘူး ။

Apple ဟာ သက်ဆိုင်ရာ Region အလိုက်သာ Warranty ကိစ္စများဆောင်ရွက်ပေးတော့မှာဖြစ်တဲ့အတွက် Myanmar ပြည်က iPhone အသုံးပြုသူများအတွက်တော့ (LL/A, AH/A B/A , AA/A အစရှိတဲ့ Other Region အလုံးများ) သုံးစွဲမည်ဆိုပါက Apple Warranty ခံစားနိုင်ဖို့ ခက်ခဲသွားပါပြီ။

Myanmar Official Warranty ဆိုရင်တော့ Warranty ရက်လည်း (365) ရက်အတိအကျ ရမှာဖြစ်သလို တစ်စုံတစ်ရာ factory error ဖြစ်လာခဲ့ရင်လည်း အချိန်တိုအတွင်း အသစ်တစ်လုံးနဲ့ အစားထိုးလဲလှယ်ပေးတာလည်း ရရှိနိုင်ပါသေးတယ်။

iSure (NAKZ Service Center) အနေနဲ့လည်း Apple Warranty ကိစ္စများ ဆောင်ရွက်ပေးရာမှာ Myanmar Official Warranty အတွက်ဆို အမြန်ဆုံးဆောင်ရွက်ပေးနိုင်မှာဖြစ်ပေမယ့် Other region များကတော့ 3 ပါတ်မှ 4 ပါတ်ဝန်းကျင် ကြာမြင့်နိုင်ပါတယ်။

Apple Product ကိုင်သူတိုင်းသိထားသင့်တဲ့ Apple Warranty
Apple အနေနဲ့ သူ့ product ဝယ်ယူသူတိုင်းကို One Year Official Warranty ပေးပါတယ်။
Refurbished လို Product ကိုတောင်မှ One year official warranty ပေးတာပါ။
ဒီ Warranty One Year အတွင်းမှာ Factory Fault ကြောင့်ဖြစ်လာတဲ့ iPhone တွေဆိုရင်တော့ အသစ်တလုံးလဲလှယ်ပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။
ဒါပေမယ့် ခြွင်းချက်တွေရှိပါတယ်။ဥပမာ မှန်ပဲ ပြန်လဲပေးလိုက်တာမျိုးတွေလည်း ရှိပါတယ်။
ဒါ့အပြင် MacBook တွေမှာဆိုရင်လဲ Warranty ကို AppleCare plan ဝယ်ပြီး 3 နှစ်ထိတိုးလို့ရပါတယ်။
(iPhone အတွက် AppleCare plan ကတော့ မြန်မာမှာမရသေးပါ)
Apple Warranty က User Fault ဖြစ်သွားတဲ့ အလုံးတွေတော့ Warranty မပေးပါဘူး။
မိတ်ဆွေတို့ရဲ့ Device က Non-authorized service provider တွေမှာဖွင့်ပြင်ထားရင်, ရေဝင်ထားရင်တော့ Apple Warranty Policy အရ Warranty ပျက်ပါတယ်။
(iPhone 7 ကစပြီး IP67 အဆင့် Water resistant ပါလာတယ်ဆိုပေမယ့် water damage အတွက် warranty မပေးပါဘူး။ရေစိုခံတာပဲရှိတာပါ ရေစိမ်ခံတဲ့ Water proof မဟုတ်ဘူးဆိုတာ သတိပြုစေချင်ပါတယ်)
နောက်ပြီး မှန်ကွဲနေတာ, ဖုန်းရဲ့ အစိတ်အပိုင်းတခုခုက user fault ကြောင့် အလုပ်မလုပ်တော့တာ စတာတွေဖြစ်နေရင် Warranty claim ဖို့အခက်အခဲရှိပါတယ်။
Warranty claim မယ်ဆိုတာက Apple ကိုအလုံးလိုက်ပြန်ပို့ပြီး ဟိုကအသစ်တလုံးပြန်ရောက်လာတာမျိုးပါ။
ဒါပေမယ့် Apple ကိုပြန်ပို့တဲ့အခါမှာ မြန်မာ region ဝင်တဲ့ iPhone တွေကိုပဲပြန်ပို့လို့ရပါတယ်။
Region ဝင်တယ်ဆိုတာ model no နောက်ဆုံး ၃ လုံးဖြစ်တဲ့ LL/A, ZP/A တွေကိုပြောတာမဟုတ်ပါဘူး။
Settings > General > Regulatory ကိုသွားကြည့်ရင် ထိပ်ဆုံးမှာတွေ့ရတဲ့ A နဲ့စတဲ့ model ကိုပြောတာပါ။
ဥပမာ iPhone X မြန်မာ region က A1901 ပါ။
A1865 ဆိုရင် မြန်မာနိုင်ငံ Apple Service ကနေ နိုင်ငံခြားကိုပြန်ပို့ပေးလို့မရပါဘူး။
အဲ့ဒီအတွက် အဲ့ဒီ model eligible ဖြစ်တဲ့ နိုင်ငံကိုသွားပြီး service လုပ်မှရပါမယ်။
ဒီတော့ Myanmar Region Model တွေကိုပဲသီးသန့်ရောင်းတဲ့ Apple Authorized Reseller တွေဆီကဝယ်ရင် စိတ်ပူစရာမလိုတော့ပါဘူး။
ဒါပေမယ့် တခြား region အတွက်ကတော့ ကိုယ်ဝယ်ထားတဲ့ဆိုင်က Apple Warranty ပြန်ပို့ပေးဖို့တာဝန်ရှိပါတယ်။
နောက်တခုက Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ iCloud acc ကို sign out လုပ်ပေးရပါတယ်။ ပြီးရင် data တွေအကုန်ဖျက်ပေးရပါတယ်။
မဖျက်ပေးလိုက်လည်း ဆိုင်ကဖျက်ရင်ဖျက် မဖျက်လည်း Apple ဘက်ရောက်ရင်ပျက်ပါတယ်။
ဒီတော့ data တွေမဆုံးရှုံးချင်ရင် backup လုပ်ထားဖို့တော့လိုပါလိမ့်မယ်။
Data backup အတွက် iTunes ကိုသုံးတာပိုအဆင်ပြေပါတယ်။
ဒီလိုနဲ့ကိုယ့်ဖုန်းကိုမပို့ခင်မှာ သက်ဆိုင်ရာဆိုင်က အရင်ဆုံး Diagnose လုပ်ပါတယ်။
အားလုံး Pass ဖြစ်ပြီး လဲရပြီဆိုပြီးအတည်ပြုမှ Apple ဖက်ကိုပို့ပေးတာဖြစ်ပြီး ၂ ပတ်ကနေ ၁ လကျော်ထိကြာနိုင်ပါတယ်။
ပြန်ရလာတဲ့အလုံးက အသစ်ဆိုပေမယ့် တခြား accessories တွေပါမှာမဟုတ်ပါဘူး။
ဖုန်းပဲပြန်ပါလာမှာပါ။
အဲ့ဖုန်းရဲ့ Model no က N နဲ့စပါတယ်။
N ဆိုတာ Replacement unit အတွက်သီးသန့်ထုတ်ထားတဲ့ Model no ပါ။
Brand new original ဆိုရင် M နဲ့စပါတယ်။
F နဲ့စရင်တော့ Official Refurbished ဖြစ်ပါတယ်။
တခါတလေမှာလဲ M နဲ့စတဲ့ Model တွေပြန်ပါလာတတ်ပါတယ်။
ဘာနဲ့ပဲစစ Quality တူတူပဲဖြစ်တဲ့အတွက် စိတ်ချရပါတယ်။
နောက်တချက်ကတော့ ကိုယ့်ဖုန်းက ကားတက်ကြိတ်လို့ ကြေမွပြီး လုံးဝသုံးလို့မရတဲ့အနေအထားလောက်ဆိုရင်တောင် Whole Unit Exchange လုပ်လို့ရပါတယ်။
ဖုန်းအဟောင်းကို Apple ကိုပြန်ပေး ငွေအလိုက်ပေးရင် Apple က Model တူ Color တူ Storage တူတလုံးပြန်ပေးတာပါ။
အဲ့လိုလုပ်ဖို့အတွက်လဲ အပေါ်မှာပြောထားတဲ့ Rules တွေနဲ့ညီမှရပါမယ်။
နောက်တခုရှိတာက Apple Authorized Service Provider တွေမှာပိုက်ဆံပေးလဲထားတာဖြစ်ဖြစ် free လဲထားဖြစ်ဖြစ် လဲထားတဲ့ဟာမှန်သမျှကို Apple Official Warranty ရက် 90 ထပ်ပေးပါတယ်။
Apple က Official လဲပေးလိုက်တာဟုတ်မဟုတ်ဘယ်လိုစစ်မလဲ?
မိတ်ဆွေအရင်ဖုန်းအဟောင်းရဲ့Serial no ကိုသူတို့ Voucher ဖြတ်ကတည်းကရေးပေးလိုက်ပါတယ်။
အဲ့ Serial no ကို
https://checkcoverage.apple.com
ကိုသွားစစ်လိုက်ရင်ဒီဖုန်းက Replace လုပ်ထားတယ်ဆိုတဲ့ Message လေးပြပါလိမ့်မယ်။
ဒီလောက်ဆို Apple Warranty အကြောင်း ကောင်းကောင်း သိလောက်ပြီလို့ ယူဆပါတယ်။
ဒါကြောင့် Myanmar ပြည်မှ iPhone အသစ်တစ်လုံးဝယ်မည့်သူများအတွက် Warranty ကိစ္စ အစစအဆင်ပြေချောမွေ့တဲ့ Myanmar Official Warranty ကိုဝယ်သင့်လား၊ Warranty ကိစ္စ အခက်အခဲရှိသော Other Region iPhone များကိုပဲ ဝယ်သင့်သလားဆိုတာ အလွယ်တကူဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏🙏


Myanmar Official Warranty Vs Other
==============
iPhone တစ္လံုးဝယ္ေတာ့မယ့္သူမ်ား ပထမဆံုး အေလးထားစဥ္းစားရမယ့္ အေရးႀကီးဆံုးအခ်က္က Apple Warranty ပါ။
Apple Warranty ဟာ Warranty ကာလအတြင္း မိမိအမွားေၾကာင့္မဟုတ္ပဲ သူ႔အလိုလိုပ်က္စီးမႉတစ္စံုတစ္ရာ ျဖစ္လာခဲ့ရင္ Apple Warranty Policy အတိုင္း အခမဲ့ျပဳျပင္ေပးျခင္းေသာ္လည္းေကာင္း ၊ အသစ္တစ္လံုးအစားထိုး ျပန္ရႏိုင္ျခင္းေသာ္လည္းေကာင္း ခံစားႏိုင္ပါမယ္။
Apple Warranty အေၾကာင္းေျပာရာမွာလည္း ျမန္မာႏိုင္ငံအတြက္ Apple မွ Official ျဖန္႔ခ်ိေပးထားတဲ့ Myanmar Official Warranty iPhone ေတြ အေၾကာင္းလည္း သိထားသင့္ပါတယ္။
Apple မွ Myanmar Official Warranty ျဖင့္ ZP/A ( Model : A1901 ) , TH/A , VN/A တို႔ကို ေရာင္းခ်ခြင့္ ေပးအပ္ထားပါတယ္။
ျမန္မာျပည္မွေန၍ Apple Warranty ကိစၥမ်ား ေဆာင္ရြက္ေပးရာမွာ ယခင္အခ်ိန္မ်ားကေတာ့ မည္သည့္ Region မဆို သက္ဆိုင္ရာ Region မဟုတ္လည္း အဆင္ေျပေအာင္ေဆာင္ရြက္ေပးခဲ့ပါတယ္။ ယခုအခါမွာေတာ့ Apple ရဲ႕ Warranty Policy အေျပာင္းအလဲအရ Warranty ကိစၥမ်ားကို သက္ဆိုင္ရာ Region အလိုက္သာ ခြဲျခားေဆာင္ရြက္ေပးပါတယ္။ ဥပမာ - LL/A ဆို US Apple Store မ်ားကသာ အဓိကတာဝန္ယူေဆာင္ရြက္ေပးပါတယ္။ ZP/A ကေတာ့ Singapore ZP/A (Model A1901 ), Myanmar ZP/A ( Model A1901 ) နဲ႕ Hong Kong ZP/A ( Model A1865 ) ဆိုတဲ့ Region သံုးမ်ိဳးနဲ႔သက္ဆိုင္ပါတယ္။
Hong Kong ZP/A ( A1865 ) ကေတာ့ Myanmar Official Warranty ခံစားခြင့္ ရရွိမွာ မဟုတ္ပါဘူး ။
Apple ဟာ သက္ဆိုင္ရာ Region အလုိက္သာ Warranty ကိစၥမ်ားေဆာင္ရြက္ေပးေတာ့မွာျဖစ္တဲ့အတြက္ Myanmar ျပည္က iPhone အသံုးျပဳသူမ်ားအတြက္ေတာ့ (LL/A, AH/A B/A , AA/A အစရွိတဲ့ Other Region အလံုးမ်ား) သံုးစြဲမည္ဆိုပါက Apple Warranty ခံစားႏိုင္ဖို႔ ခက္ခဲသြားပါၿပီ။
Myanmar Official Warranty ဆိုရင္ေတာ့ Warranty ရက္လည္း (365) ရက္အတိအက် ရမွာျဖစ္သလို တစ္စံုတစ္ရာ factory error ျဖစ္လာခဲ့ရင္လည္း အခ်ိန္တိုအတြင္း အသစ္တစ္လံုးနဲ႔ အစားထိုးလဲလွယ္ေပးတာလည္း ရရွိႏိုင္ပါေသးတယ္။
iSure(NAKZ Service Center) အေနနဲ႔လည္း Apple Warranty ကိစၥမ်ား ေဆာင္ရြက္ေပးရာမွာ Myanmar Official Warranty အတြက္ဆို အျမန္ဆံုးေဆာင္ရြက္ေပးႏိုင္မွာျဖစ္ေပမယ့္ Other region မ်ားကေတာ့ 3 ပါတ္မွ 4 ပါတ္ဝန္းက်င္ ၾကာျမင့္ႏိုင္ပါတယ္။
ဒါေၾကာင့္ Myanmar ျပည္မွ iPhone အသစ္တစ္လံုးဝယ္မည့္သူမ်ားအတြက္ Warranty ကိစၥ အစစအဆင္ေျပေခ်ာေမြ႔တဲ့ Myanmar Official Warranty ကိုဝယ္သင့္လား၊ Warranty ကိစၥ အခက္အခဲရွိေသာ Other Region iPhone မ်ားကိုပဲ ဝယ္သင့္သလားဆိုတာ အလြယ္တကူဆံုးျဖတ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
ရႊင္လန္းခ်မ္းေျမ့ၾကပါေစ 🙏

No comments:

Post a Comment

မင်္ဂလာပါ..